Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စများ ဆွေးနွေးရန် ထိုင်းနိုင်ငံသို့သွားရောက် (၁၉.၈.၂၀၁၇) -(၂၁.၈.၂၀၁၇)

By: 

 စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့်အဖွဲ့သည် စက်ရုံများအား လေ့လာကြည့်ရှုရန်နှင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စများ ဆွေးနွေးရန် ထိုင်းနိုင်ငံ၊ စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr. Uttama Savanayana Ph.D. ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ၁၉.၈.၂၀၁၇ ရက်နေ့မှ ၂၃.၈.၂၀၁၇ ရက်နေ့အထိ သွားရောက် လေ့လာတွေ့ဆုံမှုများ ဆောင်ရွက်ခဲ့ပါသည်။
     စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့်အဖွဲ့ သွားရောက် လေ့လာခဲ့သည့် ခရီးစဉ်တလျောက်တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr Jukr Boon-Long လိုက်လံရှင်းလင်းပြသခဲ့ပါသည်။
     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၁၉.၈.၂၀၁၇ ရက်နေ့တွင် လျှပ်စစ်ဝါယာ အမျိုးမျိုး နှင့် Underground Cable အမျိုးမျိုး ထုတ်လုပ်လျက်ရှိသည့် Phelps Dodge International (Thailand) Ltd. ၏ Cable စက်ရုံသို့ လည်းကောင်း၊ ၂၀.၈.၂၀၁၇ ရက်နေ့တွင် SCG Cement Building Material စက်ရုံ၊ ဘိလပ်မြေကုန်ကြမ်းများ ဖြစ်သည့် ထုံးကျောက်နှင့် ဂျစ်(ပ်)ဆင်ကျောက်များအား Semi-open Pit Mining စနစ်ဖြင့် ထုတ်လုပ်သည့်လုပ်ငန်းခွင်သို့လည်းကောင်း၊ စက်ရုံဧရိယာအတွင်းရှိ 50 MW Solar Farm တို့အားလည်းကောင်း သွားရောက်လေ့လာခဲ့ပါသည်။
     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၁.၈.၂၀၁၇ ရက်နေ့နံနက်ပိုင်းတွင် Bang-Pa-In, Ayutthaya province ရှိ Sunny Bangchak Solar Farm သို့ရောက်ရှိပြီး Inverter နှင့် Controller များအား Central Control Room မှ ထိန်းချုပ် ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် Bangpoo Industrial Estate ရှိ Akkhie Prakarn Public Company Limited မှ စီမံဆောင်ရွက်လျက်ရှိသည့် စက်မှုလုပ်ငန်း စွန့်ပစ်သန့်စင်ဗဟိုဌာန (Industrial Waste Management Center) သို့ ရောက်ရှိပြီး စက်မှုလုပ်ငန်းသုံး အညစ်အကြေးများအား သယ်ယူစုစည်းမှုစနစ်၊ လက်ခံစုစည်းမှုစနစ်၊ မီးရှို့ဖျက်စီးမှုစနစ်၊ ထွက်ပေါ်လာသည့် အခိုးအငွေ့များအား ပြန်လည်သန့်စင်သည့်စနစ်များကိုလည်းကောင်း၊ Thailand Automotive Institute တွင် Electric Vehicle (EV) များအား စံသတ်မှတ်နိုင်ရေး လေ့လာဆောင်ရွက်နေမှု၊ မော်တော်ဆိုင်ကယ် နှင့် ဓါတ်ဆီ/ဒီဇယ်ဆီသုံး (Light Duty) ကားများမှ ပတ်ဝန်းကျင်ထိခိုက်စေသည့် ဓါတ်ငွေ့ထွက်ရှိမှုကို စစ်ဆေး၍စံသတ်မှတ်ခြင်းနှင့် မော်တော်ယာဉ်တာယာများအားစစ်ဆေး၍ စံသတ်မှတ်ခြင်း စသည့် လုပ်ငန်းများလက်တွေ့ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုလေ့လာခဲ့ပါသည်။
 ခရီးစဉ်မှတ်တမ်း Video ကြည့်ရှုရန်   Watch 
 

Latest News