Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် အင်္ဂလန်နိုင်ငံ အခြေစိုက် Berwin Leighton Paisner (BLP) ဥပဒေအကြံပေးအဖွဲ့မှ Mr. Christ Hughes ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ ဆုံဆွေးနွေး

By: 

နေပြည်တော်၊ ဩဂုတ် ၁၆
 
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် အင်္ဂလန်နိုင်ငံ အခြေစိုက် Berwin Leighton Paisner (BLP) ဥပဒေအကြံပေးအဖွဲ့နှင့် ယနေ့ နေ့လည် ၁ နာရီခွဲတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
     တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး အတွက် ဆောင်ရွက်သင့်သည့် အကြံပြုချက်များ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများ ပြဋ္ဌာန်းရာတွင်ပါဝင်သော ဆောင်ရွက်ပေးနေမှုများနှင့် အတွေ့အကြုံများ နိုင်ငံပိုင်စက်ရုံများအားအစိုးရ-ပုဂ္ဂလိကအကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း Public-Private-Partnership (PPP) လုပ်ငန်းများနှင့် စီမံကိန်း လုပ်ငန်း သစ်များ အကောင်အထည်ဖော်ရာတွင် ပြီးပြည့်စုံသော စာချုပ်များ ချုပ်ဆိုဆောင်ရွက်နိုင်ရေးအတွက် Expression of Interest-EoI ခေါ်ယူခြင်း၊ တင်ဒါခေါ်ယူခြင်းနှင့် တင်ဒါစိစစ်ရွေးချယ်ခြင်းစသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News