Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့ရှိ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ် Mr.Won Bae Dahn ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့လာရောက်တွေ့ဆုံ

By: 

နေပြည်တော်၊ ဖေဖော်ဝါရီ (၃)

     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ကိုရီးယားသမ္မတ နိုင်ငံ၊ ဘူဆန်မြို့ရှိ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ် Mr.Won Bae Dahn ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီလ(၃)ရက်နေ့၊ နေ့လယ် (၁၂:ဝ၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၀)ရှိ အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံသည်။

     ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံ၌ အဆင့်မြင့်နည်းပညာများ အသုံးပြု၍ သံမဏိ စက်ရုံများနှင့် ဘိလပ်မြေစက်ရုံများအား တည်ဆောက်ခြင်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်း၊ ပရိဘောဂပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ Solar Power Plant, Biomass, Shipping Yard တည်ဆောက်ရေးလုပ်ငန်းများစသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

     အဆိုပါ ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

Latest News