Burmese

အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး) စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်းအမှတ်စဉ် (၄၆) သင်တန်းဖွင့်လှစ်

By: 

    စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ အမှတ်(၂) စက်မှုသင်တန်းကျောင်း(မန္တလေး)နှင့် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း(မန္တလေး)တို့ ပူးပေါင်းဖွင့်လှစ်သည့် စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်းအမှတ်စဉ်(၄၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့၊ နံနက် (ဝ၉:ဝ၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း(မန္တလေး)ရှိ ဗြဟ္မစိုရ်ပညာဒါနကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က သင်တန်းဖွင့် မိန့်ခွန်းပြောကြားပြီး စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန၊ နည်းပညာ ဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူး ဦးညွန့်ဟန်နှင့် ဗြဟ္မစိုရ်လူမှု ကူညီရေးအသင်း(မန္တလေး)၊ အသင်းဥက္ကဌ ဒေါက်တာသန်းထွန်းမြင့်တို့က သင်တန်းဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပါသည်။
    အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ၊ အမှတ်(၂) စက်မှုသင်တန်းကျောင်း(မန္တလေး) ကျောင်းအုပ်ကြီးနှင့် နည်းပြ ဆရာ/ဆရာမ များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းတက် ရောက်ကြမည့် သင်တန်းသား/သူ (၆၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
     အဆိုပါ သင်တန်းတွင် အခြေခံလျှပ်စစ်ပညာသင်တန်းကို ၃၁.၇.၂၀၁၇ ရက်နေ့မှ ၁၁.၈.၂၀၁၇ ရက်နေ့အထိ ရက်သတ္တ(၂)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။
  
 

Latest News