Burmese

လူ့အခွင့်ရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

နေပြည်တော် ဇွန် ၂၀
    လူ့အခွင့်ရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကို နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၊ ရုံအမှတ်(၃၀)၊ စုပေါင်းအစည်းအဝေးခန်းမတွင် ဇွန်လ (၂၀)ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြမှ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေနှင့် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သော လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသော လူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း(၃)နှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ နိုင်ငံသားများ လူ့အခွင့်အရေးတန်းတူရရှိရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အခွင့်အရေးအခြေအနေတို့ ဆက်စပ်မှုရှိပုံတို့ကို ရှင်းလင်းဆွေးနွေးပါသည်။
    ထို့နောက် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်မှ နိုင်ငံတကာလူ့အခွင့် အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥပဒေပါ အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
    အဆိုပါ အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် စက်မှုဝန်ကြီးဌာနမှဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

Latest News