Burmese

လီကွမ်ယု ပြည်သူ့ရေးရာ မူဝါဒကျောင်းမှ Director နှင့် Regional Advisor တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

By: 

နေပြည်တော် မေ ၂၅
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား လီကွမ်ယု ပြည်သူ့ရေးရာ မူဝါဒကျောင်းမှ Director ဖြစ်သူ Mr. Dane Lim နှင့် Regional Advisor ဖြစ်သူ Dr. Yap Kwong Weng တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၅.၅.၂၀၁၇ ရက်နေ့ နေ့လည် (၁၃:ဝ၀)နာရီတွင် နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ ပြည်သူ့ဝန်ထမ်းများအား ပြည်သူ့ရေးရာမူဝါဒနှင့် စီမံခန့်ခွဲမှုအရည်အသွေးများ အစဉ်တိုးတက်စေရန်အတွက် လီကွမ်ယုပြည်သူ့ရေးရာမူဝါဒကျောင်းတွင် (၁)နှစ်ဘွဲ့လွန် သင်တန်းများနှင့် ရက်တိုသင်တန်းများ တက်ရောက်နိုင်ရေးနှင့် လူ့စွမ်းအားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါသည်။

Latest News