Burmese

စက်မှုနည်းပညာအကြံပေးအစီအစဉ်အရ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

နေပြည်တော် ဧပြီ ၂၇
    စက်မှုဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံ The Korea Institute for Advan-cement of Technology (KIAT) တို့အကြား စက်မှုနည်းပညာအကြံပေး အစီအစဉ်အရ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။
    အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် KIAT အဖွဲ့ ဥက္ကဋ္ဌ Mr. Jae Hoon Chung တို့က အဖွင့်အမှာစကား ပြောကြားကြသည်။
    ထို့နောက် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသော စိုက်ပျိုးရေး အခြေအနေများနှင့် စိုက်ပျိုးရေးသုံးစက်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများ၏အခြေအနေများ၊ ကိုရီးယားနိုင်ငံမှ တာဝန်ရှိသူများက TASK နှင့် ပတ်သက်၍ ခြုံငုံလေ့လာချက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး အစီအစဉ်များကို ရှင်းလင်းတင်ပြကြ သည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် KIAT အဖွဲ့ဥက္ကဋ္ဌ Mr. Jae Hoon Chung တို့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြသည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲကို ကိုရီးယားနိုင်ငံမှ Technology Ad-vice and Solutions from Korea (TASK) နှင့်အတူ စိုက်ပျိုးရေးသုံး စက်မှုကဏ္ဍနည်းပညာဆိုင်ရာ အကြံ ပြုရေးနှင့် ဖြေရှင်းပေးနိုင်ရေး နည်းပညာများပါဝင်သော စက်မှုနည်းပညာဖွံ့ဖြိုး ရေးအကြံပေးမှုဆိုင်ရာ အစီအစဉ်များ တွင် နှစ်နိုင်ငံရှိ ကုမ္ပဏီများ၊ သုတေသန အဖွဲ့အစည်းများအကြား စက်မှုနည်းပညာဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုမူဘောင်များ ချမှတ်ပေးနိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)

Latest News