Burmese

အမှတ်(၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်) နှစ်ရှည်ငှားရမ်းရေး စာချုပ်လက်မှတ်ရေးထိုး

နေပြည်တော် မတ် ၃၁
    စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုသည် POSCO DAE-WOO Myanmar Corporation Ltd. မှ Managing Director ဖြစ်သူ Mr. Won Yoo Joon ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့သည်။ ယင်းနောက် နံနက် ၁၁ နာရီတွင် အမှတ် (၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်) အား နှစ်ရှည်ငှားရမ်းရေးစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပသည်။
POSCO DAEWOO Myanmar Corporation Ltd. . မှ Managing Director ဖြစ်သူ Mr. Won Yoo Joon ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်း၍ Truck များ၊ Bus များ၊ Model မြင့် မော်တော်ယာဉ်များနှင့် မော်တော် ဆိုင်ကယ်များကို SKD, CKDစနစ်ဖြင့် တင်သွင်းထုတ်လုပ်နိုင်ရေးအတွက် အဆိုပြုလွှာတင်သွင်းနိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ Phase အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းစဉ်များအလိုက် လုပ်သားများခန့်အပ်သွားမည်ဖြစ်သဖြင့် အလုပ်အကိုင် အခွင့်အလမ်းများပေါများလာမည့် အခြေအနေများနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ AoD ရေးထိုးဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
    ထို့နောက် အမှတ်(၃၆)အကြီးစားစက်ရုံ(ကျောက်ဆည်)အား နှစ်ရှည် ငှားရမ်းရေး လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပရာ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်မာရီနှင့် International Glass Co., Ltd. ၏ Managing Director ဖြစ်သူ ဦးဇော်ဝင်းတို့က အမှတ်(၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်) အား နှစ်ရှည် ငှားရမ်းခြင်းစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
    အဆိုပါ အခမ်းအနားသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

Latest News