Burmese

စွမ်းအင်စနစ် ထိရောက်စွာအသုံးပြုခြင်းဆိုင်ရာသင်တန်း အခမဲ့ ပို့ချမည်

By: 

ရန်ကုန် မေ ၂
စက်မှုဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအဖွဲ့ (United Nations Industrial Development Organization- UNIDO)နှင့် သက် ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများတွင် စွမ်းအင်စနစ်အထိရောက်ဆုံး အသုံးပြုခြင်းဆိုင်ရာ(Energy System Optimization) သင်တန်းများကို အခမဲ့ ဆက်တိုက်ဖွင့်လှစ်ပေးလျက်ရှိရာ မတ် ၁၆ ရက်နှင့် ၁၇ ရက်တို့ တွင် ဒိန်းမတ်နိုင်ငံသား ပညာရှင်မှ လာရောက်ဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း UNIDO မှ သိရသည်။
အဆိုပါ သင်တန်းများဖွင့်လှစ်ပို့ချလျက်ရှိရာတွင် Energy Management System (EnMS) User Level နှစ်ရက်သင်တန်း အမှတ်စဉ်(၈)ကို ရန်ကုန်မြို့ အမှတ် (၁၉၂) ကမ္ဘာအေးဘုရားလမ်း ရန်ကုန် တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနဝင်းရှိ သင်တန်းခန်းမ၌ မတ် ၁၆ ရက်နှင့် မတ် ၁၇ ရက်တို့တွင် International Energy Expert မှ နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ သင်တန်းကြေးအခမဲ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်သည်။
ယင်းသင်တန်းသို့ စွမ်းအင်ကုန်ကျစရိတ်လျှော့ချလိုသော စက်ရုံ၊ အလုပ်ရုံများ၊ စွမ်းအင်မန်နေဂျာများအဖြစ် မိမိဝန်ထမ်းများကို လေ့ကျင့်ပေးလိုသော စက်ရုံ၊ အလုပ်ရုံများ၊ ISO 50001 Certification Process နှင့်အညီ Upgrade ပြုလုပ်လိုသော စက်ရုံ၊ အလုပ်ရုံများမှ တာဝန်ရှိသူများ၊ စွမ်းအင်မန်နေဂျာအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသူများ၊ စွမ်းအင် အကျိုးရှိ ထိရောက်စွာ အသုံးပြုရေး ပညာရပ်ကို စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်းနှင့် User နှင့် Expert Level သင်တန်းများ တက်ရောက်အောင်မြင်ပြီးပါက Energy Expert အဖြစ် အသက်မွေး ဝမ်းကျောင်းပြုလုပ်နိုင်သည့် အခွင့်အလမ်းများရှိကြောင်း သိရသည်။
သင်တန်းသားဦးရေ ကန့်သတ်ထားပြီး စိတ်ပါဝင်စားသူများအနေဖြင့် လျှောက်လွှာကို www.ieemyanmar.com/ page_id = 4452 တွင် ဒေါင်းလုပ်ရယူဖြည့်စွက်၍ email: A.ZIN@unido.org, T.OO@unido သို့ လည်းကောင်း၊ ဖုန်း - ဝ၉၄၂၁၁၃၁ဝ၈၅၊ ဝ၉၅၁၉ဝ၉၇၉ တို့သို့ မတ် ၈ ရက် (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား ဆက်သွယ်ပေးပို့ရမည်ဖြစ်ကြောင်း UNIDO မှ သိရသည်။

(ကြေးမုံ)

Latest News