Burmese

စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်းဖွင့်

By: 

မိုးမိတ် ဖေဖော်ဝါရီ ၁

    ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်မှုနှင့်အသက်မွေးပညာရွေ့လျား သင်တန်းအမှတ်စဉ်(၃၄) ဖွင့်ပွဲကို ဇန်နဝါရီ ၃ဝ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည်ပရိသတ်များက အခြေခံလျှပ်စစ် သင်တန်းလက်တွေ့သင်ကြားနိုင်ရန်အတွက် ခင်းကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများနှင့် အပတ်စဉ်အလိုက် ဖွင့်လှစ်ပို့ချမှု မှတ်တမ်းများကို ကြည့်ရှုလေ့လာခဲ့ကြသည်။

    အဆိုပါသင်တန်းကို အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး)က တာဝန်ယူပို့ချခြင်းဖြစ်ကာ ကျေးလက်ဒေသအရောက် စက်မှုနှင့်အသက်မွေး ပညာရွေ့လျားသင်တန်းများကို (၃၃)ကြိမ်တိုင်တိုင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ရွေ့လျားသင်တန်းများမှ လူငယ် ၂ဝ၃၉ ဦးကို စက်မှုပညာရပ်များ သင်ကြားပေးနိုင်ခဲ့ကြောင်း၊ ယခုသင်တန်းသို့ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်တို့မှ သင်တန်းသား ၈ဝ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၁ဝ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)
Source: The Mirror Daily

Latest News