Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား ရုရှားနိုင်ငံ၊ NORREXIMRUS မှ ကိုယ်စားလှယ်အဖွဲ့နှင့် အိန္ဒိယနိုင်ငံ၊ ESCORTS Agri Machinery Co., Ltd. မှ ကိုယ်စားလှယ်အဖွဲ့တို့မှ သီးခြားစီလာရောက် တွေ့ဆုံ

By: 

နေပြည်တော်၊ ဇန်နဝါရီ (၂၅)

    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား ရုရှားနိုင်ငံ NORREXIMRUS မှ Executive Director ဖြစ်သူ Mr. Igor Simonov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်(ဝ၉:၃၀)နာရီတွင် လည်းကောင်း၊ နံနက်(၁၀:၃၀) နာရီတွင် အိန္ဒိယနိုင်ငံ၊ ESCORTS Agri Machinery Co., Ltd. မှ Marketing Director ဖြစ်သူ Mr. Hardeep Singh Bhasin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှလည်းကောင်း ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ သီးခြားစီလာရောက် တွေ့ဆုံခဲ့ပါသည်။
    NORREXIMRUS ကုမ္ပဏီနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ Oil & Gas Industry တွင် ရင်းနှီးမြှုပ်နှံလိုမှု၊ Power Transmission and Distribution Line များ တည်ဆောက်လိုမှု၊ Industrial Waste နှင့် Water Treatment Plant များ တည်ဆောက်လိုမှုတို့နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

 ရုရှားနိုင်ငံ NORREXIMRUS မှ Executive Director ဖြစ်သူ Mr. Igor Simonov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ်

    ESCORTS Agri Machinery Co., Ltd. နှင့်တွေ့ဆုံရာတွင် လယ်ထွန်စက်၊ ခြွေလှေ့စက်၊ ရိတ်သိမ်းစက်နှင့် Farming Truck စသည့် အဆင့်မြင့်လယ်ယာသုံးယာဉ် နှင့် စက်ကိရိယာများထုတ်လုပ်ရာတွင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

အိန္ဒိယနိုင်ငံ၊ ESCORTS Agri Machinery Co., Ltd. မှ Marketing Director ဖြစ်သူ Mr. Hardeep Singh Bhasin ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ်

    အဆိုပါတွေ့ဆုံဆွေးနွေးပွဲများသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News