Burmese

လယ်ယာသုံးစက်ယန္တရားများနှင့် အကြီးစားစက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

By: 

နေပြည်တော် ဒီဇင်ဘာ ၁၄
     စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား အီတလီသံအမတ်ကြီး H. E. Mr. Pier Giorgio Aliberti က ယနေ့ညနေ ၃ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံသည်။

    တွေ့ဆုံစဉ် နှစ်နိုင်ငံစီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်ရန်အတွက် အီတလီနိုင်ငံတွင် မြန်မာနိုင်ငံမှCountry Presentation သွားရောက်ပြုလုပ်မည့်အစီအစဉ်များ၊ အခြေခံအဆောက်အအုံနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် သံမဏိစီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)တွင် အီတလီနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ လယ်ယာသုံးစက်ယန္တရားများနှင့် အခြားအကြီးစားစက်မှုလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။ (သတင်းစဉ်)

Latest News