Burmese

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မကွေးတိုင်း ဒေသကြီးအတွင်းရှိ အမှတ်(၃၅) အကြီးစားစက်ရုံ (ချောက်) နှင့် အမှတ်(၁၃) အကြီးစားစက်ရုံ (မကွေး) တို့ကို ကြည့်ရှုစစ်ဆေး

By: 

နေပြည်တော်၊ ဒီဇင်ဘာ (၂၁)
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ ဗို့ အားမြင့်ကြွေးသီးများ ထုတ်လုပ်လျက်ရှိသည့် အမှတ်(၃၅)အကြီးစားစက်ရုံ(ချောက်) သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ အထွေထွေမန်နေဂျာ ဦးသန်းဇော်ဌေးက စက်ရုံ သမိုင်းအကျဉ်း၊ ကုန်ထုတ်လုပ်နိုင်မှုစွမ်းအား ၊ ကုန်ထုတ်လုပ်မှုနှင့် ရောင်းချဖြန့်ဖြူး မှုအခြေအနေ၊ စီးပွားရေးတွက်ခြေကိုက်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက IEC Standard နှင့် အညီ ထုတ်လုပ်လျက်ရှိသည့် ကြွေသီးများကို ဝန်ကြီးဌာန၊ ရုံးချုပ်နှင့် စက်ရုံတို့၏ ကြိုးပမ်းဆောင်ရွက်မှုများ ကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE) နှင့် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း(MEPE)များသို့ ဆက်သွယ်ရောင်းချနိုင်ခဲ့ပါ ကြောင်း၊ ရရှိသည့် အမှာစာများအတိုင်း သတ်မှတ်ချိန်အမီ ထုတ်လုပ်ပေးနိုင်ရေးကြိုး စားကြရမှာဖြစ်ကြောင်း၊ ရရှိပြီးသည့် အောင်မြင်မှုအပေါ် သာယာရပ်တန့်မနေဘဲ အဆင့်အတန်းမြင့် ကြွေသီးများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး နည်းလမ်းများရှာကြံ ကြိုး စားနေကြရမှာဖြစ်ကြောင်း၊ လျှပ်စစ်အန္တရာယ်ကြုံတွေ့နေမှုများသည် သုံးစွဲသူများ၏ မကျွမ်းကျင်မှုကြောင့်ဖြစ်သလို သုံးစွဲသည့် လျှပ်စစ်ပစ္စည်းများ၏ သတ်မှတ်အရည် အသွေးမပြည့်မီတာလည်းဖြစ်နိုင်ကြောင်း၊  စက်ရုံအနေဖြင့် လျှပ်စစ်အန္တရာယ်ကင်း ဝေးစေသည့် ကြွေသီးများကို ထုတ်လုပ်နိုင်ရမှာဖြစ်ကြောင်း၊ မိမိတို့ထုတ်လုပ်သည့် Product ၏ Quality ကို အာမခံနိုင်ရမှာဖြစ်ကြောင်း၊ Quality Control (QC)ကို ထိန်းသိမ်းကြရမှာဖြစ်ကြောင်း၊ အရည်အသွေး၊ စျေးနှုန်းရော၊ Market ပါယှဉ်ပြိုင် နိုင်ကြရမှာဖြစ်ကြောင်း၊ ယနေ့ ပြိုင်ဆိုင်မှုပြင်းထန်သော ခေတ်ကြီးတွင် ဝန်ထမ်းများ အနေဖြင့် Innovation ၊ Creation တို့ ပေါင်းစပ်ပြီး လုပ်ငန်းများ အောင်မြင်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း၊ မိမိတို့ ထုတ်ကုန်များ၏ အရည်အသွေးပိုမိုမြှင့် တင်နိုင်ဖို့ လိုအပ်ပါက ဂျပန်နိုင်ငံကဲ့သို့ နိုင်ငံခြားမှ အဆင့်မြင့်နည်းပညာများဖြင့် ပူးပေါင်းဆောင် ရွက်နိုင်ရေး ကြိုးစားကြရမှာဖြစ်ကြောင်း၊  နိုင်ငံတော်အနေဖြင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဟန်ချက်ညီညီ ဆောင်ရွက်ပေးနေခြင်းတို့ကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများ ခံယူချက်မှန်ကန်စေ ရေး၊ မိမိတာဝန် မိမိကျေပွန်စေရေးအတွက် ကြိုးစားဆောင်ရွက်ကြရေးတို့ကို မှာကြား ခဲ့သည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအတွင်း ဗို့အားမြင့်ကြွေးသီးများ ထုတ်လုပ်နေမှု နည်းစဉ်များကိုလည်းကောင်း၊  မိုးကြိုးပစ်ချိန် လျှပ်ကာနိုင်မှု စမ်းသပ် ခြင်းကိုလည်းကောင်း၊ စမ်းသပ်ထုတ်လုပ်ပြီး မြန်မာကြွေသီးများနှင့် နိုင်ငံခြား ကြွေ သီးများ နှိုင်းယှဉ်ပြသမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန် မှာကြားသည်။ အမှတ်(၃၅)အကြီးစားစက်ရုံ(ချောက်)ကို ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာ လ(၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး 11 KV Pin Insulator ၊ 33 KV Pin Insulator ၊ 70 KN Disc Pin Insulator ၊ 120 KN Disc Pin Insulator ၊ Shackle  Insulator နှင့် 4" Strain Insulator များ ထုတ်လုပ်လျက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
    ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မကွေးစက်မှုနယ်မြေရှိ အမှတ်(၁၃) အကြီးစားစက်ရုံ(မကွေး)သို့ ရောက်ရှိပြီး Heavy Turbo Truck Manufacturing Plant အတွင်း ထုတ်လုပ်တပ်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ Gear Transmission Plant တွင် Gear Box များ ထုတ်လုပ်နေမှုများကိုလည်း ကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားသည်။ ထို့နောက် ရှင်းလင်းဆောင်၌ အထွေထွေမန်နေဂျာ ဦးကျော်စွာစိုးက စက်ရုံသမိုင်း အကျဉ်း၊ စက်ရုံဆိုင်ရာအချက်အလက်များ၊ စက်ရုံ၏ ထုတ်ကုန်ပစ္စည်းအမျိုးအစားနှင့် ထုတ်လုပ်နိုင်မှုအရေအတွက်၊ ဘဏ္ဍာနှစ်အလိုက် ထုတ်လုပ်ရောင်းချမှုများ၊ ဝန်ထမ်း သက်သာချောင်ချိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက TA TA Brand အနေဖြင့် Quality ကောင်းပြီး ဈေးကွက်ရှိသော Truck ကားများဖြစ်ပါကြောင်း၊ စျေးနှုန်းအရ ယှဉ်ပြိုင်နိုင်အောင် ထုတ်လုပ်မှုစရိတ်လျှော့ချနိုင်ရေး နည်းလမ်းများ ရှာကြံကြိုးစားကြစေလိုကြောင်း၊ Idea ရှိသမျှ အစွမ်းကုန်ကြိုးစားကြစေလိုကြောင်း၊ စီးပွားရေးတွက်ခြေကိုက်အောင် ဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ အများပြည်သူများ ပိုမိုကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ကြော်ငြာ များဖြင့် ထိထိရောက်ရောက် ကြော်ငြာသွားစေလိုကြောင်း၊ ဝယ်ယူရေး၊ ထုတ်လုပ် ရေး၊ ရောင်းချရေး အပိုင်း(၃)ပိုင်းစလုံး စိတ်ဝင်တစားဖြင့် အောင်အောင်မြင်မြင် ဆောင် ရွက်သွားကြရမှာဖြစ်ကြောင်း၊ Gear Transmission Plant အလုပ်ရုံကိုလည်း Final Acceptance Certificate (FAC) ပေးနိုင်ရေး ကြိုးစားသွားကြရမှာဖြစ်ကြောင်း၊ စက်ရုံကြီး ရှင်သန်ရပ်တည်နိုင်ရေး၊ အောင်မြင်မှုရရှိရေးတို့အတွက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုဆောင်ရွက်ချက်များကို သိရှိနားလည်ပြီး ခံယူချက်မှန်ကန်စေရေး ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ငွေစုငွေချေးသမဝါယမအသင်းများ တိုးတက်အောင်မြင် အောင် ဆောင်ရွက်ပေးရေး၊ ဝန်ထမ်းများမှလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ကြစေရေးတို့ကို မှာကြားခဲ့သည်။
    အမှတ်(၁၃)အကြီးစားစက်ရုံ(မကွေး)ရှိ အကြီးစားကုန်တင်ယာဉ် ထုတ်လုပ်မှု စက်ရုံကို အိန္ဒိယနိုင်ငံမှ TA TA Motors Ltd ၏ နည်းပညာ ပူးပေါင်းဆောင်ရွက် မှုဖြင့် ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါစက်ရုံမှ LPT 2116 Truck (6 x 2)၊  LPT 2123 Truck (6 x 4) ၊ LPK 2523 Dump Truck (6x4) များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိပါသည်။ ထို့အပြင် Gear Transmission Plant အလုပ်ရုံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နည်းပညာအကူအညီဖြင့် တည်ဆောက်ခဲ့ပြီး Truck နှင့် Bus ကားများအတွက် S6-90 Gear Box များနှင့် Double Cab Gear Box များကို ထုတ်လုပ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

Latest News