Burmese

စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်း အမှတ်စဉ်- ၃၀ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်

By: 

စက်မှုဝန်ကြီးဌာန၊ အမှတ်( ၃) စက်မှုသင်တန်းကျောင်း(သာဂရ) နှင့် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရှိ စက်မှုဇုန်များ ပူးပေါင်းဆောင်ရွက်သော စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်း အမှတ်စဉ်- ၃၀ သင်တန်းဆင်းပွဲ အခမ်းအနားကို ၅.၉.၂၀၁၆ ရက်နေ့၊ နံနက် ဝ၉:ဝ၀ နာရီက ဒဂုံအရှေ့စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး ကနောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား/သူ ၁၂၃ ဦးတက်ရောက်အောင်မြင်ခဲ့ပြီး မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် စက်မှုဇုန်များမှ ငွေကျပ် ၁၅ သိန်းခန့်တန်ဘိုးရှိ လျှပ်စစ်ဆိုင်ရာ ကုန်ကြမ်းပစ္စည်းများကို စက်မှုဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ 

  

Latest News