Burmese

ခရမ်းချဉ်သီး တန်ဖိုးမြှင့်ထွက်ကုန် ထုတ်လုပ်ခြင်းသင်တန်း မုံရွာမြို့၌ဖွင့်

By: 

မုံရွာ သြဂုတ် ၂၁
အသေးစား၊ အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းမှ ထွက်ရှိသည့်သီးနှံများအား တန်ဖိုးမြှင့် ဈေးကွက်ဝင်ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရန်ရည်ရွယ်ပြီး စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် PUM Netherlands Senior Experts  ၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းတို့၏ ပူးပေါင်းမှုဖြင့် ခရမ်းချဉ်သီးတန်ဖိုးမြှင့်ထွက်ကုန် ထုတ်လုပ်ခြင်းသင်တန်းဖွင့်ပွဲကို သြဂုတ်လ ၂၀ ရက်က မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနမှဦးစီးမှူး ဦးဆန်းထွဋ်ကို၊ တိုင်းဒေသ ကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးဦးခင်ဇော်နှင့်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံ မှုဦးစီးဌာနမှ ဒုတိယòန်ကြားရေးမှူး ဒေါက်တာ ထူးမင်းသိမ်း၊ တိုင်းဒေသကြီး သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းခွဲဥက္ကဋ္ဌ ဦးစောမြင့်တို့က အမှာစကားပြောကြားကြ သည်။
ယင်းနောက် အဆင့်မြင့် ခရမ်းချဉ် သီးစိုက်ပျိုးနည်းနှင့် အီတလီနည်းပညာ ဖြင့် ခရမ်းချဉ်သီးဆော့ဖ်နှင့် ဖျော်ရည် ထုတ်လုပ်နည်းများကို နယ်သာလန်မှMr. Marinus Minkjan က ဆွေးနွေးပို့ချပြီး တက်ရောက်လာကြသည့် သင်တန်းသားများက သိရှိလိုသည် များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြသည်။ အဆိုပါသင်တန်းသို့ ဒေသတွင်းမှ ခရမ်းချဉ်သီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် အခြားစိတ်ပါ ဝင်စားသူများ တက်ရောက်ခဲ့ကြကာ နယ်သာလန်မှ ကျွမ်းကျင်ပညာရှင် Mr. Marinus Minkjan နှင့်အတူ ခရမ်း ချဉ်စိုက်ခင်းများအား သြဂုတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကွင်းဆင်း လေ့လာခဲ့ကြကြောင်း သိရသည်။
ဖိုးချမ်း(မုံရွာ)

သတင်းရင်းမြစ်- မြန်မာ့အလင်း

Latest News