Burmese

စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်းဖွင့်လှစ်

By: 

လှိုင်သာယာ ဇူလိုင် ၁၃

စက်မှုဝန်ကြီးဌာန မြန်မာနိုင်ငံ စက်မှုကုန်ထုတ်သူများအသင်းနှင့် လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်းဖွင့်ပွဲကို ဇူလိုင် ၁၁ ရက်က လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမ၌ ကျင်းပသည်။

စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုတင်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က သင်တန်းဖွင့်အမှာ စကားပြောကြား၍ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအုန်းဆိုင်က သင်တန်းဖွင့်လှစ်နိုင်မှုအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ သင်တန်းသို့ သင်တန်းသား ၁၃ဝ တက်ရောက်ကြောင်း သိရသည်။ 
Source: The Mirror Daily

Latest News