Burmese

စက်မှုသင်တန်းကျောင်း (ဆင်တဲ) သင်တန်းဝင်ခွင့်လျှောက်လွှာများ ခေါ်ယူ

By: 

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ သင်တန်းကျောင်း များ ကြီးကြပ်ရေးဌာနအောက်ရှိ အမှတ်(၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ)၏ အမှတ်စဉ် (၃၆)သင်တန်းအတွက် သင်တန်းဝင်ခွင့် လျှောက်လွှာများ ခေါ်ယူနေကြောင်း သိရသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ဖွင့်လှစ်မည့် အဆိုပါ သင်တန်းအတွက် လျှောက်လွှာခေါ်ယူ နေခြင်းဖြစ်ပြီး လျှောက်လွှာ ပိတ်ရက်မှာ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၃ ရက် ညနေ ၄ နာရီနောက်ဆုံးဖြစ်သည်။ လျှောက်လွှာများကို ဇွန်လ ၆ ရက်နေ့မှ စ၍ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်ရှိ အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ)တွင် လည်းကောင်း၊ စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) နေပြည်တော်တွင် လည်းကောင်း၊ www.industry.gov.mm နှင့် www.itcsinde.com Website များမှ Download ပြုလုပ်၍ လည်းကောင်း ရယူနိုင်ပြီး အဆိုပါ လျှောက်လွှာ ရယူရာ ဌာနများတွင်ပင် လျှောက်လွှာ ပြန်လည် တင်သွင်းရမည် ဖြစ်သည်။

  

သင်တန်းတွင် စက်မှုဘာသာရပ် (၈)မျိုးကို စာတွေ့ ၃၀% လက်တွေ့ ၇၀% ဖြစ် တစ်နှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား (၂၀ဝ)ဦးသာ လက်ခံသင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာအထက်တန်း (တက္ကသိုလ်ဝင်တန်း) သင်ယူ/ဖြေဆိုဖူးသူ သင်တန်းစတင်ဖွင့်လှစ်မည့်နေ့တွင် အသက် (၁၇)နှစ်ပြည့်ပြီး (၂၅)နှစ်ထက် မကျော်လွန်သူ၊ စက်မှုဝါသနာပါ၍ သင်တန်းစည်းကမ်းများကို လိုက်နာပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူများ လျှောက်ထားနိုင်ပြီး လျှောက်လွှာမူရင်း(၁)စောင်နှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (၁)စောင်၊ လိုင်စင်ဓါတ်ပုံ (၃)ပုံ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံး ထောက်ခံစာ (သို့) မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ထောက်ခံစာမူရင်း (၁)စောင် တက္ကသိုလ်ဝင်တန်း ဖြေဆိုဖူးကြောင်း ထောက်ခံစာမူရင်း(၁)စောင်နှင့် သက်ဆိုင်ရာ မြို့နယ်ဆရာဝန်၏ ဆေးစစ်ချက် ထောက်ခံစာမူရင်း (၁)စောင် တို့ဖြင့် ပူးတွဲ လျှောက်ထားရမည် ဖြစ်သည်။

  

သင်တန်းတက်ရောက်ခွင့် အတွက် အင်္ဂလိပ်စာအခြေခံ၊ သင်္ချာအခြေခံနှင့် စက်မှုဗဟုသုတများကို လူတွေ့ နှုတ်မေးဖြေဆိုရမည်ဖြစ်ကာ ရွေးချယ်ခံရပါက သင်တန်းကာလအတွင်း စားရိပ်သာကြေး တစ်လလျှင် (၂၅၀ဝ၀/) ပေးသွင်း၍ သင်တန်းကျောင်းမှ စီစဉ်ပေးသည့် အဆောင်နေထိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ အလာတူ စက်မှုသင်တန်းကျောင်း (မန္တလေး)၊ စက်မှုသင်တန်းကျောင်း(သာဂရ) စက်မှုသင်တန်းကျောင်း (ပခုက္ကူ) တို့၏ ပုံမှန် တစ်နှစ်သင်တန်း ဝင်ခွင့်များကိုလည်း ခေါ်ယူနေပြီ ဖြစ်ကြောင်း သိရသည်။

Latest News