Burmese

ဆေးဝါးစက်ရုံ(အင်းစိန်)မှ ထုတ်လုပ်သည့် မြွေဆိပ်ဖြေဆေးများ အိမ်နီးချင်းနိုင်ငံများသို့ ဖြန့်ဖြူးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေ

By: 

စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်)မှ ထုတ်လုပ်သည့် မြွေဆိပ်ဖြေဆေးများကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအိုနိုင်ငံ၊ နီပေါလ် နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ တင်ပို့ဖြန့် ဖြူးနိုင်ရေး ညှိနှိုင်းဆောင်ရွက် နေကြောင်း သိရသည်။ ဆေးဝါးစက်ရုံ(အင်းစိန်)မှ မြွေဆိပ်ဖြေဆေး (မြွေဟောက်)နှင့် မြွေဆိပ်ဖြေဆေး (မြွေပွေး)တို့ကို WHO GMP Guide Line နှင့်အညီ ထုတ်လုပ်လျက်ရှိရာ မြွေဆိပ်ဖြေဆေးကို 2'C နှင့် 8'C ကြား သိမ်းဆည်း နိုင်သည့် အရည်နှင့် 25'C အောက် သိမ်းဆည်းနိုင်သည့် အေးခဲခြောက်ပုံစံ တို့ဖြင့် ရရှိနိုင်ကြောင်း သိရသည်။

ယခုအခါ ဆေးဝါးစက်ရုံ(အင်းစိန်)မှ ထုတ်လုပ်လျက်ရှိသည့် မြွေဆိပ်ဖြေဆေး များကို ပြည်တွင်းတွင် ဖြန့်ဖြူးရုံသာမက မြန်မာနိုင်ငံနှင့် မျိုးစိတ်တူမြွေများ တွေ့ရှိနိုင်သည့် လာအိုနိုင်ငံ နီပေါလ် နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ တင်ပို့ ဖြန့် ဖြူးနိုင်ရေး သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနများနှင့် ဆက်သွယ်ညှိ နှိုင်း ဆောင်ရွက်နေကြောင်း သိရသည်။

သတင်းရင်းမြစ်။ စက်မှုအလင်းဂျာနယ်

Latest News