Burmese

ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများ သင်တန်းအမှတ်စဉ် (၂/၂၀၁၆) ဖွင့်လှစ် သင်ကြား

By: 

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူး၍ ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများသင်တန်းအမှတ်စဉ် (၂/၂၀၁၆) အား မေလ (၃၀) ရက်နေ့မှ ဇူလိုင်လ (၈) ရက်နေ့အထိ ရက်သတ္တပတ် (၆)ပတ်ကြာ သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရပါသည်။
အဆိုပါသင်တန်းတွင် ဘွိုင်လာတည်ဆောက်ရာ၌ အသုံးပြုသည့် သံပြားများနှင့် တပ်ဆင်ပစ္စည်းများ ဘွိုင်လာ ကိုင်တွယ်မောင်းနှင်ရာတွင် သတိထားရမည့် အချက်များ ပြည်တွင်းရှိ စက်မှုလုပ်ငန်းများတွင် အသုံးပြုလျက်ရှိကြသည့် ဘွိုင်လာ အမျိုးအစားများ လောင်စာဆီအမျိုးအစားအလိုက် အသုံးဝင်မှုနှင့် အကျိုးအပြစ်များ၊ ဘွိုင်လာ ပျက်စီးယိုယွင်းစေသော အကြောင်း အရင်းများနှင့် ပြုပြင်ကာကွယ်နည်းများ၊ ဘွိုင်လာ မတော်တဆ မှု ဖြစ်လျှင်ဘွိုင်လာဥပဒေ ဘာသာရပ်တို့အား အတွေ့အကြုံရှိ သင်တန်းဆရာများမှ စနစ်တကျ သင်ကြားပေးလျက်ရှိသည့်အပြင် ဆေးဝါးစက်ရုံ (အင်းစိန်)သို့ လေ့လာရေးခရီး သွားရောက်၍ လက်တွေ့ မောင်းနှင်နေမှုများအား လေ့လာ သင်ယူနိုင်ရန် စီစဉ်ထားကြောင်း ဘွိုင်လာသင်တန်း၏ တာဝန်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဝင်းက ပြောကြားသည်။
ယခုဖွင့်လှစ်လျက်ရှိသည့် သင်တန်းတွင် စက်မှုဝန်ကြီဌာနမှ (၂၀)ဦး အခြားဝန်ကြီးဌာနမှ (၅)ဦး ပြင်ပသင်တန်းသား (၅၆)ဦး အပါအဝင် သင်တန်းသား စုစုပေါင်း (၈၁)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

Source:  စက်မှုအလင်းဂျာနယ်

Latest News