Burmese

စက်မှုသင်တန်းကျောင်း (ဆင်တဲ)အား Center of Excellence (COE) အဖြစ် အဆင့်မြှင့်တင်သွားမည်

By: 

စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ အမှတ်(၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ) အား Center of Excellence (COE) အဖြစ် အဆင့်မြှင့်တင်၍ Skilled Labour များ မွေးထုတ်ပေးနိုင်ရန် အတွက် လိုအပ်သည့် အကူအညီများ ပေးနိုင်ရေး၊ စက်မှုသင်တန်းကျောင်းများအတွက် အဆင့်မြင့် နည်းပညာများ ကူညီထောက်ပံ့ နိုင်ရေးနှင့် ဘာသာရပ်အသစ်များ တိုးချဲ သင်ကြား ပေးနိုင်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် German International Cooperation Agency (GIZ) မှ TVET Expert ဖြစ်သူ Mr. Gunter Schroter ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တို့ ဇွန်လ ၂ ရပ်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ) သည် ဂျာမနီနိုင်ငံ၏ အထောက်အပံ့ ဖြင့် ၁၉၇၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး Machine Tool Operator Course, Tool & Die Maker Course, Machinery Filter Course, Motor Vehicle Machinic Course, Electrical Machine Maker Course, Electrical Filter Course, Pattern Maker Course, Machinical Draughtsman Course စသည့် သင်တန်းများကို တစ်နှစ်ကြာ သင်ကြား ပို့ချပေးလျက်ရှိသည်။ တစ်နှစ်လျှင် စက်မှုကျွမ်းကျင် လုပ်သား ၂၀ဝ ဦးကို မွေးထုတ်ပေးလျက်ရှိပြီး ယခုအခါ သင်တန်းအမှတ်စဉ် (၃၅) ကို ဖွင့်လှစ် သင်ကြားပေးနေသည်။ အမှတ်(၁) စက်မှုသင်တန်းကျောင်းမှ သင်တန်းဆင်းဦးရေ ၃၉၀၇ ဦးအနက် ဝန်ကြီးဌာနနှင့် ကုမ္ပဏီများတွင် အလုပ်ရရှိသူ ၃၈၃၈ ဦးရှိပြီးဖြစ်၍ အလုပ်အကိုင် ရရှိမှု ၉၈.၂ ရာခိုင်နှုန်း အထိရှိကြောင်း သိရသည်။
C-စည်သူ
Source:  စက်မှုအလင်းဂျာနယ်

Latest News