Burmese

လယ်ယာသုံးစက်ပစ္စည်းများ လက်ငင်းနှင့် အရစ်ကျစနစ်များဖြင့် ရောင်းချပေးလျက်ရှိ

By: 

နေပြည်တော် ဇွန် ၆

စက်မှုဝန်ကြီးဌာန၏ လယ်ယာသုံးစက်နှင့် စက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံနှစ်ရုံဖြစ်သည့် အမှတ်(၁၆)အကြီးစားစက်ရုံ(ဆင်တဲ)၊ အမှတ်(၁၇)အကြီးစားစက်ရုံ(မလွန်)တို့တွင် လယ်ယာသုံးစက်ပစ္စည်းအမျိုးမျိုးအား တောင်သူလယ်သမားများ လက်လှမ်းမီသုံးစွဲနိုင်ရေးအတွက် လက်ငင်းငွေချေစနစ်အပြင် အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။ ငွေကျပ် သိန်း ၃၀ အောက်ပစ္စည်းများအား တစ်နှစ်ဆိုင်း နှစ်ရစ်ဆပ် ငွေချေစနစ်ဖြင့်လည်းကောင်း ငွေကျပ် သိန်း ၃၀ အထက် ပစ္စည်းများအား နှစ်နှစ်ဆိုင်း သုံးရစ်ဆပ် ငွေချေစနစ်ဖြင့်လည်းကောင်း အာမခံစာချုပ် စာတမ်းထောက်ခံချက်တို့ဖြင့် စာချုပ်ချုပ်ဆိုရောင်းချလျက်ရှိသည်။

ပျော်ဘွယ်မြို့နယ် ကင်းတားရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ တောင်သူ ၁၀၀ ကျော်အား ဖိတ်ကြား၍ မေ ၂၇ ရက်က စက်မှုဝန်ကြီးဌာနက ထုတ်လုပ်သည့် လယ်ယာသုံးစက်ပစ္စည်းများအား ပြင်ပထက်ဈေးနှုန်းချိုသာစွာဖြင့် နှစ်နှစ်ဆိုင်း အရစ်ကျ ရောင်းချပေးမည့် အစီအစဉ်တို့ကို တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့သည်။

  

ရောင်းချပြီးနောက် After Sales Service (ဝန်ဆောင်မှုလုပ်ငန်း) အနေဖြင့် တောင်သူများသို့ ဝန်ဆောင်မှုပေးရာတွင် ပစ္စည်းဝယ်ယူပြီး ခြောက်လအတွင်း လူကြောင့်မဟုတ်ဘဲပျက်စီးပါက ပစ္စည်းခနှင့်လက်ခ မယူပြုပြင်ပေးကာ တစ်နှစ်အတွင်းပျက်စီးပါက ပစ္စည်းခပေးဆောင်ရမည်ဖြစ်ပြီး လက်ခမယူ အိမ်တိုင်ရာရောက် ပြုပြင်ပေးမည်ဖြစ်သည်။ စက်ကိရိယာများအား စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုပုံများကို လုပ်ငန်းခွင်အရောက် သင်ကြားပြသပေးသွားမည်ဖြစ်သည်။ စက်အပိုပစ္စည်းများကိုလည်း အလွယ်တကူရရှိအောင် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည်။

အဆိုပါစက်ရုံ နှစ်ရုံမှ ထုတ်လုပ်သော ပစ္စည်းများအား မှာယူလိုပါက စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) နေပြည်တော် ဖုန်း ၀၆၇-၄၀၅၃၂၃/ ၀၆၇-၄၀၅၂၂၆/ ၀၆၇-၄၀၅၁၆၄/ ၀၉-၅၁၃၈၄၁၄/ ၀၉-၂၀၂၈၆၂၄/ ၀၉-၅၁၉၁၉၈၁ တို့သို့လည်းကောင်း၊ အမှတ်(၁၇)အကြီးစားစက်ရုံ(မလွန်) ဖုန်း ၀၉-၂၅၆၂၂၁၂၈၃/ ၀၉-၂၅၆၂၂၁၂၈၄/ ၀၉-၂၅၆၂၂၁၂၈၅/ ဖက်စ်-၀၆၅-၄၅၃၂၀ တို့သို့လည်းကောင်း၊ အမှတ်(၁၆)အကြီးစားစက်ရုံ(ဆင်တဲ) ဖုန်း ၀၅၃-၄၀၁၆၅/ ၀၅၃-၄၀၀၂၆/ ၀၅၃-၄၀၀၂၈/ ၀၉-၃၁၄၄၆၉၆၃/ ၀၉-၇၉၆၆၂၂၃၃၃ တို့သို့လည်းကောင်း ဆက်သွယ်မှာယူနိုင်မည်ဖြစ်ပါသည်။

(သတင်းစဉ်)

Latest News