Burmese

BPI ဆေးများအား ထုပ်ပိုးမှုပုံစံအသစ်များဖြင့် ထုတ်လုပ်နေ

By: 

စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့် BPI တံဆိပ်ဆေးဝါးများသည် ဈေးကွက်အတွင်းနှစ်ပေါင်းများစွာ နာမည်ကောင်းရရှိပြီးသော ဆေးဝါးများဖြစ်ပါသည်။ အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်ဝသော ဆေးဝါးများကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိ သုံးစွဲနိုင်စေရေးအတွက် ခေတ်မီထုတ်လုပ်မှုနည်းစဉ်များ၊ နိုင်ငံတကာအဆင့်မီ စံချိန်စံညွှန်းပိုင်းဆိုင်ရာ ထိန်းချုပ်မှုများ၊ စက်ပစ္စည်းကိရိယာအသစ်များဖြင့် ထုတ်လုပ်လျှက်ရှိပြီး ဆေးပြားဆေးတောင့်များအား အတုအပပြုလုပ်နိုင်ခြင်းမရှိစေရန် အတွက် Film Coated နှင့် blister packaging ပုံစံများဖြင့် ထုတ်လုပ်ဖြန့်ချီလျှက်ရှိပါသည်။ ပြည်သူများသိရှိနိုင်ရေးအတွက် ထုတ်လုပ်ထားသော ဆေးဝါးအချို့ကို မိတ်ဆက်တင်ပြအပ်ပါသည်။

Neurovit Tablet (Film Coated)----Vitamin (B1,B6, B12) Tablet ( ဗီတာမင် B1, B6, B12 ချို့တဲ့သော ရောဂါများ၊ အာရုံကြောအားနည်းခြင်း၊ အရက်ကြောင့်ဦးနှောက်ထိခိုက်ခြင်း တို့တွင်သုံးစွဲနိုင်ပါသည်။)
Cold Tablet (အဖျားနှင့် အကိုက်အခဲ၊ နှာစေးနှာပိတ် ပျောက်ဆေးအဖြစ် သုံးစွဲနိုင်ပါသည်။)
Co-Trimoxazole Tablet ( ပိုးသတ်ဆေး အဖြစ်သုံးစွဲနိုင်ပါသည်။)
Paracetamol Tablet (အဖျားနှင့် အကိုက်အခဲပျောက်ဆေး အဖြစ်သုံးစွဲနိုင်ပါသည်။)

Credit: BPI Insein

Latest News