Burmese

ဆေးဝါးစက်ရုံ BPI မှ လျှပ်စစ်မီးမရှိသည့် ကျေးလက်ဒေသများတွင် သိမ်းဆည်းထားနိုင်မည့် မြွေဆိပ်ဖြေဆေးများထုတ်လုပ်လျက်ရှိ

By: 

စက်မှုဝန်ကြီး ဌာန၊ ဆေးဝါးစက်ရုံ BPI မှ မြွေဆိပ်ဖြေဆေးများအား ၁၉၆၂ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ရာ ထုတ်လုပ်မှုသက်တမ်း ၅၄ နှစ်ရှိပြီဖြစ်ပါသည်။ နိုင်ငံတကာ စံချိန်စံညွန်းမီဆေးဝါးများအား တိုးချဲ့ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ WHO GMP Guidelines နှင့်အညီ မြွေဆိပ်ဖြေဆေးထုတ်လုပ်သည့် အဆောက်အဦသစ်ကြီးအား ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင် မြွေဆိပ်ဖြေဆေး ၁၀၀၀၀၀လုံးထုတ်လုပ်၍ ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍ အားထောက်ပံ့နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ စက်ရုံမှ မြွေပွေးနှင့်မြွေဟောက် အဆိပ်ဖြေဆေး ၂မျိုးအား Liquid Form နှင့် Freeze- Dried Form များအဖြစ် ထုတ်လုပ်နေပြီး Shelf-Life အနေဖြင့် Liquid Form မှာ ၃ နှစ်နှင့် Freeze- Dried Form မှာ ၅နှစ်ဖြစ်ပါသည်။

  

Freeze- Dried Form ၏ အားသာချက်မှာသက်တမ်း ကြာရှည်ခြင်းနှင့် ရေခဲသေတ္တာ မလိုဘဲ သာမန် အခန်းအပူချိန်၌ ပင် သိမ်းဆည်းနိုင်သဖြင့် လျှပ်စစ်မီး မရှိသေး သည့် ကျေးလက်ဒေသများ၌ ပင် အရေးပေါ် အခြေအနေ အတွက် ဆောင်ထားနိုင်မည်ဖြစ်ပါသည်။
Liquid Form ၏ ရောင်းဈေးနှုန်းမှာ ၄၅၀၀၀ ကျပ်နှင့် Freeze-Dried Form ၏ ရောင်းဈေးနှုန်းမှာ ၄၈၀၀၀ ကျပ်ဖြစ်ပါသည်။

  

Credit: BPI Insein

Latest News