Burmese

အမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး)၏ အမှတ်စဉ်(၆)သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်းထုတ်ပြန်

By: 

စက်မှုဝန်ကြီးဌာန၊ အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)၏ အမှတ်စဉ်(၆)သင်တန်းအတွက် တက်ရောက်ခွင့်ရရှိသူများစာရင်းကိုသင်တန်းကျောင်း၏ ကြော်ငြာသင်ပုန်းတွင် ကြော်ငြာထားပြီးဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါသင်တန်းအား ၂၀၁၆ ခုနှစ် ဇွန်လ(၆)ရက်တွင် ဖွင့်ပွဲကျင်းပပြီးစတင်မည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဧပြီ(၇)တွင် သင်တန်းပြီးဆုံးမည်ဖြစ်ပါသည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် (၃.၆.၂၀၁၆)နေ့ထက်မစော၊ (၄.၆.၂၀၁၆)နေ့ထက်နောက်မကျပဲသင်တန်းကျောင်းသို့ မိဘ/အုပ်ထိန်းသူကတာဝန်ခံပြီးလာရောက်အပ်နှံရပါမည်ဖြစ်ပါသည်။ အသေးစိတ် သိရှိလိုပါက PH;0678430037, 8430038 နှင့် သင်တန်းကျောင်းသို့သွားရောက် စုံစမ်းနိုင်ကြောင်းသိရှိရပါသည်။

စက်မှုဝန်ကြီးဌာနလက်အောက်ရှိအမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)သည် ခေတ်မီမော်တော်ယာဉ်များအားပြုပြင်ထိန်းသိမ်းနိုင်မည့် ကျွမ်းကျင်လုပ်သားများကိုမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ကိုရီးယားနိုင်ငံ၏ နည်းပညာအကူအညီအထောက်အပံ့ဖြင့်၂၀၁၁ ခုနှစ်ကဖွင့်လှစ်ခဲ့ပြီး Automobile Maintenance နှင့် Computer-aided design and computer-aided manufacturing (CAD/CAM) ဘာသာရပ်များကိုသင်ကြားပေးလျက်ရှိပါသည်။

အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)အနေဖြင့် ၂၀၁၁ ခုနှစ်မှ စတင်၍ သင်တန်း(၅)ကြိမ် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးသင်တန်းသားစုစုပေါင်း(၇၁၀)ဦးအားမွေးထုတ်ခဲ့ပြီးဖြစ်ပါသည်။ အမှတ်စဉ်(၆)သင်တန်းအား (၆.၆.၂၀၁၆) ရက်နေ့မှ (၇.၄.၂၀၁၇) ရက်နေ့ထိဖွင့်လှစ်မည် ဖြစ်ပြီးသင်တန်းတက်ရောက်ရန်အတွက် လျှောက်ထားသူများမှ လူတွေ့နှုတ်မေးဖြေဆိုသူ(၃၂၂)ဦးအနက်မှ သင်တန်းသား (၁၆၀) ဦးကိုစိစစ် ရွေးချယ်၍ အောင်စာရင်းထုတ်ပြန်ထားပြီးဖြစ်ပါ သည်။

အဆိုပါသင်တန်းကျောင်းအနေဖြင့် အခြေခံပညာအထက်တန်းဖြေဆိုဖူးပြီးအသက် (၁၇) နှစ်မှ (၂၅) နှစ်အတွင်းရှိစက်မှုဝါသနာပါသူ၊ သင်တန်းကျောင်းစည်းကမ်းလိုက်နာနိုင်သူများကိုလူတွေ့စစ်ဆေးရွေးချယ်ပြီးမော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာဘာသာရပ်များကိုသင်ကြားပို့ချပေးလျက်ရှိပါသည်။

စက်မှုဝန်ကြီးဌာန၏ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စက်မှုသင်တန်းကျောင်း(၆)ကျောင်းတွင် စက်မှုဆိုင်ရာဘာသာရပ်များအားလေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

 

Latest News