Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ကိုရီးယားသမ္မတနိုင်ငံ Bo Sung Powertec Co.,Ltd ၊ BUYANG INDUSTRIAL Co.,Ltd ၊ ဂျာမနီနိုင်ငံ Recycle Engineering Co.,Ltd နှင့် United Nations တို့မှ ကိုယ်စားလှယ်အဖွဲ့များ လာရောက်တွေ့

By: 

နေပြည်တော်၊ ဇန်နဝါရီ (၂၁)
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ကိုရီးယားသမ္မတ နိုင်ငံ၊ Bo Sung Powertec Co.,Ltd မှ Vice Chairman ဖြစ်သူ Mr.Ban Ki Ho ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့(၁၃:ဝ၀)နာရီတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
    ထိုသို့တွေ့ဆုံရာတွင် စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ အသေးစားနှင့် အလတ်စားစက်မှုဖွံ့ဖြိုးရေးဘဏ်(SMIDB)များအတွက် နိုင်ငံတကာမှ ချေးငွေအထောက် အပံ့ပေးလိုသူများနှင့် ချိတ်ဆက်ပေးရေးနှင့် ပတ်သက်၍လည်ကောင်း၊ သံမဏိလုပ် ငန်းများနှင့် လျှပ်စစ်ပစ္စည်း ကိရိယာများ ထုတ်လုပ်သည့် လုပ်ငန်းများတွင် Bo Sung Powertec Co.,Ltd အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးအား (၁၄:ဝ၀) နာရီတွင် ကိုရီးယားသမ္မတ နိုင်ငံ၊ BUYANG INDUSTRIAL Co.,Ltd ၏ Chief Executive Officer ဖြစ်သူ Mr.Jung Hoon LEE ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ စက်မှုဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပြီး BUYANG INDUSTRIAL Co.,Ltd မှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ မိတ်ဆက်တင်ပြပြီး အနာဂတ်တွင် စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်း များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးအား (၁၅:ဝ၀)နာရီတွင် ဂျာမနီနိုင်ငံ၊ Recycle Engineering Co.,Ltd မှ Entrepreneur ဖြစ်သူ Mr.Thomas Volker Sack ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ ထွက်ရှိလာသည့် Industrial Waste များကို စွန့်ပစ်ရာ၌ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေ ရန်အတွက် Hazard Chemical Treatment Plants တည်ဆောက်ရေး၊ မြေနေရာငှားရမ်းရေးကိစ္စတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
    ၎င်းနောက် ပြည်ထောင်စုဝန်ကြီးအား (၁၅:၃၀)နာရီတွင် United Nations မှ Humanitarian Coordinator ဖြစ်သူ Ms. Renata Lok-Dessallien ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ပင် လာရောက်တွေ့ဆုံပြီး စက်မှုဝန်ကြီးဌာနမှ Industrial Policy ရေးဆွဲနေမှုအခြေအနေ၊ မြန်မာနိုင်ငံရှိ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေမှုများများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
    အဆိုပါ တွေ့ဆုံဆွေးနွေးပွဲများသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။

 

 

 

 
 

Latest News