မဟာသင်္ကြန်အကြိုမိသားစုပျော်ပွဲရွှင်ပွဲကျင်းပ

စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် မဟာသင်္ကြန်အကြို မိသားစု ပျော်ပွဲရွှင်ပွဲ အခမ်းအနားကိုယနေညနေပိုင်းတွင် ရုံးအမှတ်(၃၇) ယာဉ်ရပ်နားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး နှင့် ဇနီး ဒေါ်သစ်သစ်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊
ဦးဆောင်ညွှန်ကြားရေးမှူးများ နှင့်ဇနီးများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များပါဝင်ဆင်နွှဲကြသည်။

 

 

 

 
ထို့နောက် ဦးစီးဌာန နှင့် လုပ်ငန်းများ ကိုယ်စားပြု သင်္ကြန်ယိမ်း အဖွဲ့များက သင်္ကြန်သီချင်း များဖြင့် ယှဉ်ပြိုင် ဖျော်ဖြေကပြကြ ရာ ပထမဆုရ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ကိုယ်စားပြုယိမ်းအဖွဲ့အား ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီးဒေါ်သစ်သစ်အောင်မှလည်းကောင်း၊ဒုတိယဆုရ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း ကိုယ်စားပြု ယိမ်းအဖွဲ့အား အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင် မှလည်းကောင်း၊ တတိယဆု ရရှိသည့် ဝန်ကြီးရုံးနှင့်စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနကိုယ်စားပြု ယိမ်းအဖွဲ့အား ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစိုးနိုင် မှလည်ကောင်း၊ နှစ်သိမ့်ဆုရရှိသည့် ယိမ်းအဖွဲ့များအားညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများမှ အသီးသီး ဆုများ ချီးမြှင့်ခဲ့သည်။

 

 

 

 

 

 
ပျော်ပွဲရွှင်ပွဲတွင် ဦးစီးဌာန/လုပ်ငန်းများမှ စတုဒီသာများ ကျွေးမွေးကြပြီး ဝန်ထမ်းမိသားစုများမှ ကာရာအိုကေ ဖြင့် သင်္ကြန်သီချင်းများ သီဆိုဖျော်ဖြေ ကြပြီးနောက် ဝန်ထမ်းများ နှင့်ဝန်ထမ်း မိသားစုဝင်များ သည် ပျော်ရွှင်စွာ ရေပက်ကစားကြသည်။

Latest News