စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ဆေးဝါးသုတေသနဌာနနှင့်ဟင်္သာတခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့အား ကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် (၂၂.၂.၂၀၁၉) ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးသုတေသနဌာန သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ဌာနတာဝန်ခံမှ ဆေးဝါးအမယ်သစ်များ သုတေသနပြု တီထွင် စမ်းသပ် နေမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာအဆင့်မီ စနစ်တကျလိုက်နာထိန်းချုပ် ဆောင်ရွက်ရေး၊ ပြည်သူများ ၏ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အတွက်လိုအပ်သော ဆေးဝါးများ ထုတ်လုပ်နိုင်ရေးနှင့်အတူ ဆေးဝါး အမယ်သစ်များ ကိုလည်း တိုးမြှင့်ထုတ်လုပ်နိုင်ရေး အတွက် သုတေသနနှင့် တီထွင် စမ်းသပ်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး အတွက် စားသောက်ကုန်များကို စနစ်တကျစစ်ဆေးရန်၊ သုတေသနနှင့် ဓါတ်ခွဲ စမ်းသပ်မှုများကို နိုင်ငံတကာ စံချိန်စံညွှန်းများ နှင့်အညီ ဆောင်ရွက်ရန်၊ ထုတ်လုပ်သည့် ဆေးဝါးများ အရည်အသွေး ကောင်းမွန်စေရေးအတွက် စက်ပစ္စည်းများအား အစဉ်အမြဲ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ လုပ်ငန်း တာဝန်များကို စေတနာထား၍ လက်တွေ့ကျကျ အောင်မြင်အောင် ပူးပေါင်း ဆောင်ရွက်ရန်၊ အရည်အသွေး ကောင်းမွန်သော ဆေးဝါးများအား ဈေးနှုန်း သက်သာပြီး ဝယ်ယူသူများ ဆွဲဆောင်မှုရှိမည့် ထုပ်ပိုးမှုစနစ် သစ်များဖြင့် ရောင်းချရေး ကြိုးစားဆောင်ရွက်ကြရန်၊ မိမိတို့၏လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရေး အတွက် အမြဲမပြတ် လေ့လာသင်ယူကြရန် လမ်းညွှန် မှာကြားပြီး ဆေးဝါး အမယ်သစ်များ၊ စားသောက်ကုန်များ နှင့်ပြင်ပမှ ဓါတ်ခွဲစမ်းသပ်ရန် လာရောက် အပ်နှံထားသော စွန့်ပစ်ရေဆိုးများ စမ်းသပ်နေမှု အခြေအနေ တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်ချက်များ ကိုပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆေးဝါးသုတေသနဌာနအနေဖြင့် အစားအသောက်၊ ရေနှင့် ရေဆိုးများ၊ ဆေးဝါးနှင့် ဆက်စပ် ကုန်ကြမ်းများ၊ ဆေးဘက်ဝင် အပင်များကို Atomic Absorption Spectormeter (AAS), Gas Chromatography(GC), High performance Liquid Chromatograthy(HPLC), Fourier Transform Infrared Spectorscopy စသည့် ခေတ်မီ စက်ကရိယာများဖြင့် စမ်းသပ်စစ်ဆေးခြင်း၊ အစားအသောက် များတွင် ပါဝင်နိုင်သော Aflatoxin နှင့် ဆေးဝါးများတွင် ပါဝင်နိုင်သော Endotoxin များကို Microplate Reader များဖြင့် စမ်းသပ်စစ်ဆေးခြင်း၊ တက္ကသိုလ်အသီးသီးမှ ဘွဲ့လွန်ကျောင်းသားများ၏ သုတေသနပြု စာတမ်းများ အတွက် လိုအပ်သော သုတေသနပြု စာတမ်းများအား ကူညီဆောင်ရွက် ပေးနေသည့် အပြင် ဆက်စပ် ဝန်ကြီးဌာနများမှ ပေးပို့လာသော ဓါတ်ခွဲစမ်းသပ် လိုသည့် နမှုနာများ ကိုလည်း စမ်းသပ်စစ်ဆေး ပေးလျက်ရှိသည်။

(၂၃.၂.၂၀၁၉)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့ရှိ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးရုံး သို့ရောက် ရှိရာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ SME လုပ်ငန်းများဖွံ့ဖြိုး တိုတက်ရေးအတွက် ငွေကြေး အရင်းအနှီးနှင့် နည်းပညာ ရရှိအောင် အစွမ်းကုန် ကူညီပံ့ပိုး ပေးရမည်ဖြစ်ကြောင်း၊ ဒေသထွက် ထုတ်ကုန် များကို တန်ဖိုးမြှင့် ထုတ်ကုန်များ အဖြစ် ထုတ်လုပ်လာနိုင်စေရန် အတွက်လိုအပ်သော နည်းပညာများ ရရှိအောင် ချိတ်ဆက်ပေးရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကျိုးစီးပွားများ ထိခိုက်ပျက်စီးမှု မရှိစေရန် ပြဌာန်းထား သော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ စစ်ဆေးကြပ်မတ် ပေးရမည် ဖြစ်ကြောင်း၊ လုပ်ငန်းသုံး အထောက်အကူပြု စက်ကရိယာ ပစ္စည်းများအား ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ရေး အတွက် လေ့လာသင်ယူ ထားရမည် ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန် များကို အဂတိတရား ကင်းကင်းဖြင့် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ရန် လမ်းညွှန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Latest News