ပီလောပီနံဥမှ တန်ဖိုးမြှင့် ထုတ်ကုန် ပြုလုပ်သည့် နည်းပညာမျှဝေဆွေးနွေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ခြင်း

By: 

“ပီလောပီနံဥမှ တန်ဖိုးမြှင့် ထုတ်ကုန် ပြုလုပ်သည့် နည်းပညာမျှဝေဆွေးနွေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ" ကျင်းပပြုလုပ်ခြင်းစက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနသည် PUM Netherlands Senior Experts အဖွဲ့အစည်းနှင့်ပူးပေါင်း၍ Value Added ထုတ်လုပ်ရန် အလားအလာရှိသော ပီလောပီနံ ထုတ်လုပ်၊ ရောင်းချပုံများနှင့် ပတ်သက်သော နည်းပညာများ မျှဝေဆွေးနွေးပေးနိုင်ရန် ရည်ရွယ်၍ “ပီလောပီနံဥမှ တန်ဖိုးမြှင့် ထုတ်ကုန် ပြုလုပ်သည့် နည်းပညာမျှဝေဆွေးနွေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ" ကို (၁.၂.၂၀၁၉) ရက်၊ သောကြာနေ့ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီထိ SME Center၊ အမှတ် (၃၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၌ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီခိုင်မှ မိမိတို့ဌာနနှင့် PUM Netherlands Senior Experts တို့ ပူးပေါင်းကျင်းပခဲ့သည့် နည်းပညာဆိုင်ရာ စာတွေ့/ လက်တွေ့ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ PUM Netherlands Senior Experts အဖွဲ့အစည်းသို့ လုပ်ငန်းတစ်ခုချင်း နည်းပညာတောင်းခံနိုင်ပုံများ၊ မြန်မာ့ MSME များပိုမိုဖွံဖြိုးတိုးတက်ရန်အတွက် Innovative Product များ၊ Value Added Product များထုတ်လုပ်ရန် လိုအပ်သည့်အကြောင်းအရာများကိုဆွေးနွေး ပြောကြားခဲ့ပြီးနောက်၊ နည်းပညာ အကြံပေး ဆရာကြီး ဦးတင်လင်းမှ ပီလောပီနံမှ Value Added ထုတ်လုပ်၍ရသည့် နယ်ပယ်များ နှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပါသည်။ထို့နောက် PUM Netherlands Senior Experts အဖွဲ့အစည်း၏ ကျွမ်းကျင်ပညာရှင် Mr. Bartholomeus Jozef Van Schie မှ ပီလောပီနံ၌ ပါဝင်သည့် Composition များ၊ ပီလောပီနံအား Value Added အနေဖြင့် အသုံးပြု၍ရသည့် နယ်ပယ်များ၊ တစ်ကမ္ဘာလုံးအနေဖြင့် ဥရောပနှင့် တရုတ်နိုင်ငံတို့တွင်ထုတ်လုပ်မှု အများဆုံးဖြစ်ပြီး၊ အာဆီယံတွင် အင်ဒိုနီးရှားနိုင်ငံမှ Manufacturing အားကောင်းသည့် ဗဟုသုတများစသည်ဖြင့် ဆွေးနွေးခဲ့သည်။၄င်းနောက် မြန်မာနိုင်ငံ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်သူများ အသင်း၏ ဥက္ကဌ ဦးကျော်သူရမှ လက်ရှိ မြန်မာနိုင်ငံမှ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက်၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး၊ စုပေါင်းအမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီခိုင်နှင့်တကွ တာဝန်ရှိသူများ၊ နည်းပညာအကြံပေးဆရာကြီး ဦးတင်လင်း၊ မြန်မာနိုင်ငံ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်သူများ အသင်း၏ ဥက္ကဌနှင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ သတင်းမီဒီယာများ စုစုပေါင်း (၅၅) ဦး တက်ရောက်ခဲ့ပါသည်။ယခုကဲ့သို့ ပီလောပီနံဥမှ တန်ဖိုးမြှင့် ထုတ်ကုန် ပြုလုပ်သည့် နည်းပညာမျှဝေဆွေးနွေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည့်အတွက် တက်ရောက်လာသည့် လုပ်ငန်းရှင်များအနေဖြင့် ပီလောပီနှင့် ပတ်သက်သည့် Global Market ဆိုင်ရာ သိကောင်းစရာများ၊ Value Added ထုတ်လုပ်နိုင်သည့် နယ်ပယ်များ၊ မြန်မာနိုင်ငံမှ လက်ရှိ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ စသည့် အသိပညာ၊ ဗဟုသုတများ ရရှိခဲ့ကြပါသည်။

  

Latest News