အုန်းသီးမှ တန်ဖိုးမြှင့် လက်မှု လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် သင်တန်း ကျင်းပပြုလုပ်ခဲ့သည့်သတင်းစဉ်

By: 

     စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသည် “အုန်းသီးမှ တန်ဖိုးမြှင့် လက်မှု လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်သင်တန်း" ကို (၁၉.၁.၂၀၁၉) ရက်နေ့မှ (၂၅.၁.၂၀၁၉) ရက်နေ့ထိ အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်လျှက်ရှိပါသည်။
      အဆိုပါ သင်တန်းကို အုန်းသီးကုန်ထုတ်လုပ်ငန်းငယ်လေးများ အနေဖြင့် Export အဆင့်မီ Value Added ထုတ်ကုန်များ ထုတ်လုပ်လာစေခြင်း၊ ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးတက်စေခြင်း၊ အုန်းသီး Supply Chain ကောင်းမွန်ရေးအတွက် အုန်းမျိုးသစ်များ ဆက်လက်စိုက်ပျိုး၍ စဉ်ဆက်မပြတ် ထုတ်လုပ်သွားနိုင်ခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
     ၄င်းသင်တန်းသို့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ စိတ်ပါဝင်စားသည့် လုပ်ငန်းရှင် (၂၈) ဦး တက်ရောက်ခဲ့ရာ၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များ အနေဖြင့် အုန်းခွံကို အသုံးပြု၍ ဆန်းသစ်သော တန်ဖိုးမြှင့် လက်မှုပစ္စည်းများ ထုတ်လုပ်လာနိုင်ခြင်း၊ ၄င်းတန်ဖိုးမြှင့် လက်မှုပစ္စည်းများ ထုတ်လုပ်ရောင်းချ၍ ဝင်ငွေ တိုးတက်လာစေခြင်း၊ ကျေးလက်နေပြည်သူများကိုပါ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။

Latest News