စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို အမှတ်(၃)အထည်စက်ရုံခွဲ(စစ်ကိုင်း)နှင့် မတ္တရာမြို့နယ် စကျင်ကျောက်ပြားထုတ်လုပ်ရေးစက်ရုံတို့အား ကြည့်ရှုစစ်ဆေး

By: 

နေပြည်တော်၊ နိုဝင်ဘာ (၁၈)
      စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းရန်စီစဉ်လျှက်ရှိသော အမှတ်(၃)အထည်စက်ရုံခွဲ (စစ်ကိုင်း)သို့ ရောက်ရှိပြီး သစ္စာလေးခိုင်သင်္ကန်းများ ချုပ်လုပ်နေမှုအခြေအနေ၊ဂျပန်နိုင်ငံသို့တင်ပို့ မည့် ဘောင်းဘီတို၊ ဘောင်းဘီရှည်များချုပ်လုပ်နေမှု၊ အနွေးထည်ဂျာကင်များထုတ်လုပ်နေမှုအခြေအနေ၊ စက်ရုံမှ ဂျပန်နိုင်ငံသို့ တင်ပို့ရန် ချုပ်လုပ်ထားသောအဝတ်အထည်များနှင့် ချုပ်လုပ်ပြီးသော အဝတ်အထည်မျာအား အရည်အသွေးစစ်ဆေးနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်လုပ်ငန်းခွင်တွင် ဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ တာဝန်ထမ်း ဆောင်နိုင်ရေးလိုအပ်သည်များ ဖြည့်ဆည်းပေးရန်၊ ဆုပေး၊ ဒဏ်ပေးစနစ်ဖြင့် အလုပ်ကြိုးစားသူ၊ တီထွင်နိုင်သူများကို ချီးမြှင့်မြှောက်စားရန် ခေတ်မီစက်ပစ္စည်းများအား ကျွမ်းကျင်စွာ အသုံးပြု နိုင်ရေး ဝန်ထမ်းများအားလေ့ကျင့်ပေးရန်နှင့် အလေအလွင့်ဆုံးရှုံးမှုမရှိအောင် ကြိုးစားဆောင်ရွက်ကြရန်မှာကြားပြီး စစ်ကိုင်းမြို့တွင် Textile Industrial Cluster Zone အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ် ဆွေးနွေးမှာကြားခဲ့ပါသည်။
     နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ စကျင်ကျောက်ပြား ထုတ်လုပ်ရေးဌာနခွဲရှိ ကုန်ကြမ်းထုတ်ဌာနသို့ ရောက်ရှိပြီး မိုင်းခွဲစရာမလိုဘဲ ခေတ်မီစက်များဖြင့် အလေအလွင့်မရှိအောင် စကျင်ကျောက်တုန်းများအား ထုတ်လုပ်နေမှုအခြေအနေ၊ စကျင်ကျောက် ထုတ်လုပ်မည့် Mine Plan တို့အားကြည့်ရှု့စစ်ဆေး ပြီးနောက် ကုန်ချောထုတ်လုပ်ရေးဌာနသို့ရောက်ရှိကာ စကျင်ပန်းပွတ်ကျောက်တိုင်များ ထုတ်လုပ်နေမှုအခြေအနေ၊ စကျင်ကျောက်တုံး များအား အလွှာပါးဖြစ်အောင် ဖြတ်စားနေမှုအခြေအနေ၊ ကျောက်ပြားများအား အချောကိုင်နေမှု၊ ဖြတ်တောက်နေမှုများ နှင့် ထုတ်လုပ်ပြီးသော စကျင် ကျောက်ပြားအမျိုးမျိုး သိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးနောက် အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိ စေရေး အလေးထားဆောင်ရွက်ရန်နှင့် ရပ်ရွာဒေသဖွံ့ဖြိုးရေးအတွက် (CSR) လူမှုရေး တာဝန်သိမှု လုပ်ငန်းများဆောင်ရွက်ပေးရန် မှာကြားပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ထုတ်ကုန်အမယ်သစ်များ တီထွင်ထုတ်လုပ်ရေး ကြိုးစားဆောင်ရွက်သွားကြရန်မှာ ကြားခဲ့ပါသည်။
  
  

Latest News