"Strengthening Women's Entrepreneurship in ASEAN" National Capacity Building Workshop အလုပ်​ရုံ​ဆွေး​နွေးပွဲကျင်းပပြုလုပ်

By: 

ရန်​ကုန်​ ၊ နိုဝင်​ဘာ(၁၂)
     စက်​မှုဝန်​ကြီးဌာန၊ စက်​မှုကြီးကြပ်​​ရေးနှင့် စစ်​​ဆေး​ရေးဦးစီးဌာနသည်​ UNIDO အဖွဲ့အစည်း၊ OECD အဖွဲ့အစည်းတို့နှင့်ပူး​ပေါင်း၍ မြန်​မာ အမျိုးသမီးများအတွက်​ စီးပွား​ရေးဆိုင်ရာ​ စွမ်း​ဆောင်​မှု မြှင်​တင်​​ပေးရန်​ရည်​ရွယ်​၍ "Strengthening Women's Entrepreneurship in ASEAN" National Capacity Building Workshop ကို (၁၂.၁၁.၂၀၁၈) ရက်​ (တနင်္လာ​နေ့)တွင်​ အမှတ်​ (၃၅)၊ ကျိုက်​ဝိုင်း ဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်​၊ ရန်​ကုန်​မြို့၌ ကျင်းပပြုလုပ်​ခဲ့ပါသည်​။
     အဆိုပါ အလုပ်​ရုံ​ဆွေး​နွေးပွဲ၏ ဖွင့်​ပွဲ အခမ်းအနား၌ စက်​မှုဝန်​ကြီးဌာန၊ စက်​မှုကြီးကြပ်​​ရေးနှင့် စစ်​​ဆေး​ရေး ဦးစီးဌာန၏ ညွှန်​ကြား​ရေးမှူးချုပ်​ ​ဒေါ်​အေး​အေးဝင်းမှ အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး​နောက်​ Embassy of Canada to Manmar မှ Head of Cooperation ဖြစ်​သူ Ms. Eileen Stewart၊ OECD အဖွဲ့အစည်း၏ Policy Analyst ဖြစ်​သူ Ms Annie Norfolk Beadle နှင့် UNIDO အဖွဲ့အစည်း၏ Chief Technical Advisor ဖြစ်​သူ Mr. Michele Boario တို့မှ အမှာစကားအသီးသီး​ပြောကြားခဲ့ကြပါသည်​။
၄င်းအလုပ်​ရုံ​ဆွေး​နွေးပွဲသို့ စက်​မှုကြီးကြပ်​​ရေးနှင့် စစ်​​ဆေး​ရေးဦးစီးဌာနမှ ညွှန်​ကြား​ရေးမှူးချုပ် ​အပါအဝင်​ တာဝန်​ရှိုပုဂ္ဂိုလ်များ၊ OECD အဖွဲ့အစည်း၊ UNIDO အဖွဲ့အစည်းနှင့် က​နေဒါ-မြန်​မာ သံရုံးတို့မှ တာဝန်​ရှိပုဂ္ဂိုလ်​များ၊ Start Up လုပ်​ငန်းရှင်​များ၊ ​အောင်​မြင်​​ကျော်​ကြားလျှက်​ရှိသည့် အမျိုးသမီး စီးပွား​ရေး လုပ်​ငန်းရှင်​များ၊ စီးပွား​ရေးနယ်​ပယ်​မှ အကြံ​ပေးပုဂ္ဂိုလ်​များ စုစု​ပေါင်း (၅၂) ဦး တက်​​ရောက်​ခဲ့ကြပါသည်​။
     ယခုကဲ့သို့ အလုပ်​ရုံ​ဆွေး​နွေးပွဲ ကျင်းပပြုလုပ်​ခြင်းဖြင့် မြန်​မာ အမျိုးသမီးများ အ​နေဖြင့် Informal စီးပွား​ရေးသာမက Formal စီးပွား​ရေးကိုပါ လုပ်​ကိုင်​​ဆောင်​ရွက်​နိုင်​သည့် အကြံဉာဏ်​​ကောင်းများ ရရှိနိုင်​ခြင်း၊ ​ဒေသတွင်း စီးပွား​ရေးတွင်​ တက်ကြွစွာ ​​ပါဝင်​​ဆောင်​ရွက်​နိုင်​ခြင်း၊ Gender Equity ဖြစ်​၍ Global Value Chain ကို ​ဆောင်​ရွက်​နိုင်​ခြင်း စသည့် အကျိုး​ကျေးဇူးများ ရရှိနိုင်​မည်​ ဖြစ်​ပါသည်​။
  

Latest News