ဆဋ္ဌမအကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေး (6th ACCMSME) နှင့် ဆက်စပ်အစည်းအဝေးများ ဂုဏ်ပြုညစာစားပွဲ

By: 

     ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ (၆)ကြိမ်မြောက်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (the 6th ACCMSME Meeting and Related Meetings) ၏ ဂုဏ်ပြုညစာစားပွဲကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်၊ တနင်္လာနေ့ ည(၇:ဝ၀)နာရီ အချိန်တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
     ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အလှည့်ကျ ဥက္ကဋ္ဌ Mr. Lor Sathya တို့မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။
တက်ရောက်လာသည့် ဧည့်သည်တော်များအား ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာ့ယဉ်ကျေးမှု ပဒေသာကပွဲအဖွဲ့ဖြင့် ဧည့်ခံဖျော်ဖြေခဲ့ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံမှ အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ GIZ ၊ OECD ၊ ERIA စသည့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အလှည့်ကျ ဥက္ကဋ္ဌနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး ယဉ်ကျေးမှုပဒေသာကပွဲအဖွဲ့အား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်၍ ညစာစားပွဲအား ည(၉:ဝ၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
  
  

Latest News