ဆဋ္ဌမအကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ အစည်းအဝေး( 6th ACCMSME) နှင့် ဆက်စပ် အစည်းအဝေးများ

By: 

     ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့မှ (၉) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ (၆) ကြိမ်မြောက် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ( the 6th ACCMSME Meeting and Related Meetings) ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့ ၊ တနင်္လာနေ့၊ နံနက် (၈:၃၀) နာရီတွင် နေပြည်တော်ရှိ၊ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
     ဖွင့်ပွဲအခမ်းအနားကို အသေးစား ၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဒုတိယသမ္မတ၊ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး၊ အသေးစား ၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ၊ အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ နှင့် အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အဖွဲ့ဝင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ၊ GIZ, OECD, ERIA စသည့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၈၅) ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ ဖွင့်ပွဲအခမ်းအနားကို နံနက်(၉) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
  
 
     ဖွင့်ပွဲအခမ်းအနား အပြီးတွင် ဆဋ္ဌမအကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဝင်များအချင်းချင်း SME လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ လည်းကောင်း၊ ဂျာမနီနိုင်ငံ GIZ နှင့် SME လုပ်ငန်းများတိုးမြှင့်ရေးစီမံကိန်းနှင့် ပတ်သက်၍ လည်းကောင်း၊ အာဆီယံနှင့် အရှေ့အာရှနိုင်ငံများဆိုင်ရာ စီးပွားရေးသုတေသန အဖွဲ့အစည်း (ERIA)၊ မြန်မာနိုင်ငံ သုတေသန အဖွဲ့အစည်း (MRI)တို့နှင့် ဒစ်ဂျစ်တယ်စီးပွားရေးစီမံကိန်းနှင့် ပတ်သက်၍ လည်းကောင်း၊ အာဆီယံ စီးပွားရေးအကြံပေးကောင်စီ(ASEAN BAC)နှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အတွက် အာဆီယံလမ်းညွှန်မှု အစီအစဉ်နှင့် ပတ်သက်၍ လည်းကောင်း၊ အမေရိကန်-အာဆီယံ စီးပွားရေး အကြံပေးကောင်စီ(ASEAN BAC) နှင့် Online Academy နှင့် ပတ်သက်၍ လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပါသည်။
ဆဋ္ဌမအကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့မှ (၉) ရက်နေ့အထိ Park Royal Hotel ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
  
  

Latest News