ASEAN SME Policy Index 2018, Myanmar National Dissemination Seminar အခမ်းအနား

By: 

၂.၁၁.၂၀၁၈
     စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ The Organisation for Economic Co-operation and Development (OECD) နှင့် East Asia (ERIA) တို့ ပူးပေါင်း၍ Myanmar National Dissemination Seminar of the ASEAN SME Policy Index 2018 ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့ သောကြာနေ့တွင် နေပြည်တော်ရှိ၊ M-Gallery Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
     အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် "SME များသည် နိုင်ငံသားများ အလုပ်အကိုင် ဖန်တီးပေးနိုင်မှု၊ အလုံးစုံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသားများ၏ သာယာဝပြောမှုကို ထောက်ပံ့ပေးနိုင်မှုများကြောင့် အာဆီယံစီးပွားရေးတစ်ခုလုံးအတွက် နောက်ခံကျောရိုးသဖွယ်ဖြစ်ပါကြောင်း၊ SME Policy Index သည် ဖွံ့ဖြိုးဆဲနိုင်ငံမှ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရာတွင်လည်းကောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း၊ လူမှုဘဝဖွံ့ဖြိုးတိုးတတ်စေရန်လည်းကောင်း၊ အဓိကမောင်းနှင်သူများဖြစ်သော အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် သင့်တင့်လျောက်ပတ်သည့် မူဝါဒများချမှတ်ရာတွင် ၄င်းတို့၏ အလားအလာကိုနားလည်ပြီး မူဝါဒချမှတ်သူများကို အထောက်အကူပြုနိုင်စေရန်ကိရိယာတစ်ခုဖြစ်ပါကြောင်း၊ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားပြီး အလုံးစုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမည့် ASEAN SME Policy Index ASEAN 2018 ကို ၂၀၁၈ခုနှစ် စက်တင်ဘာလ၌ စင်္ကာပူတွင်ကျင်းပသောအကြိမ် (၅၀)မြောက် ASEAN Economic Ministers Meeting အစည်းအဝေးမှ စတင်ကြေငြာခဲ့ပြီးဖြစ် ပါကြောင်း၊ အရှေ့တောင်အာရှမူဝါဒချမှတ်သူများကို အနာဂါတ်တွင်ပြုပြင်ပြောင်းလဲရန် လိုအပ်သည့်နယ်ပယ်များကို လေ့လာသုံးသပ်ရန်အတွက်သာမက နိုင်ငံတကာ အလေ့အကျင့်ကောင်းများနှင့်အညီ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်အတွက် စွမ်းရည်မြှင့်တင်ခြင်းဖြစ်ပါကြောင်း၊ ASEAN SME Policy Index 2018 မှာ ERIA, OECD နှင့်ACCMSME တို့ပူးပေါင်း၍ မူဝါဒများ၏ အားနည်းချက် အားသာချက်များကို ဆန်းစစ်၍ အဖွဲ့ဝင်နိုင်ငံများအားလုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက်ဖြစ်ပါကြောင်း၊
     ASEAN SME Policy Index 2018 ၌ SME များအတွက်လိုအပ်သော နယ်ပယ်(၈)ခုဖြစ်သည့် "Productivity, Technology and Innovation၊ Environmental Policies and SMEs၊ Access to Finance၊ Access to Market and Internationalization၊ Institutional Framework၊ Legislation, Regulation and Tax၊ Entrepreneurial Education and Skills နှင့် Social and Inclusive Entrepreneurship" နယ်ပယ်များကို အဓိက ဆန်းစစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းကုန်စည်ပြပွဲများနှင့် နိုင်ငံတော်အဆင့်ကုန်စည်ပြပွဲ နှင့်ပြိုင်ပွဲများတွင် SME Awards ဆုရွေးချယ် သတ်မှတ်ရာတွင်အဆိုပါ နယ်ပယ်(၈)ခုပါ အချက်များကို သတ်မှတ်ချက်များအဖြစ် လည်းကောင်း ၊ ဒိန်းမတ် မြန်မာ အစီအစဉ်ဖြစ်သည့် Responsible Business Funds ရွေးချယ်ပံ့ပိုးရာတွင်လည်းကောင်း သတ်မှတ်ရွေးချယ်ပါကြောင်း၊ OECD နှင့် ERIA မှပညာရှင်များမှ ASEAN SME Policy Index 2018 နှင့်စပ်လျဉ်းသော နည်းလမ်းများ၊တွေ့ရှိချက်များ၊ အထူးသဖြင့်မြန်မာနိုင်ငံနှင့် ပတ်သက်သောတွေ့ရှိချက်များကို တင်ပြမှာဖြစ်ပါကြောင်း၊ အခုဆွေးနွေးပွဲသည် ဖွံ့ဖြိုးတိုးတတ်ရေးကို ဆောင်ရွက်ရာတွင် အရှိန်မြှင့်တင်ပေးနိုင်မည့် နည်းလမ်းများကိုဆွေးနွေးနိုင်မည့်အခွင့်အလမ်းဖြစ်ပါကြောင်း၊ ERIA, OECD နှင့်Government of Canada ကိုမူဝါဒများ အကောင်အထည်ဖော်ဆောင်နိုင်မည့် မူဘောင်များ ဆန်းစစ်လေ့လာနိုင်ရန်ပံ့ပိုးပေးသည့်အတွက် လေးလေးနက်နက်ကျေးဇူးတင်ရှိပါကြောင်း၊ ထပ်မံ၍ အာဆီယံနိုင်ငံအားလုံးမှ ကိုယ်စားလှယ်များအားလုံးကို ယခုဆွေးနွေးပွဲတက်ရောက်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းထပ်မံပြောကြားလိုပါကြောင်း" ပြောကြားခဲ့ပါသည်။
  
     ဆက်လက်၍ OECD မှ Mr. Max BULAKOVSKIY ၊ Ms. Rahmasari ISTIANDARI တို့မှ ASEAN Regional Level များ၏ SME Policy Index 2018 နည်းပညာဆိုင်ရာများ၊ လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားကို OECD ၊ ERIA မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ကြပါသည်။
  

Latest News