Burmese

အမှတ်(၁၄)အကြီးစားစက်ရုံ(သာဂရ)နှင့် စပ်လျဉ်း၍ လုပ်ငန်းများရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် စိတ်ဝင်စားသူများအား Expression of Interest (EoI) ဖိတ်ခေါ်ခြင်း

By: 

စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၁၄)အကြီးစားစက်ရုံ(သာဂရ)နှင့် စပ်လျဉ်း၍ 
လုပ်ငန်းများရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် စိတ်ဝင်စားသူများအား
Expression of Interest (EoI) ဖိတ်ခေါ်ခြင်း

    စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ အမှတ်(၁၄)အကြီးစားစက်ရုံ(သာဂရ) (ဘက်စုံသုံးဒီဇယ်အင်ဂျင်အမျိုးမျိုးထုတ်လုပ်ရန်)တွင် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများကို ဖိတ်ခေါ်ပါသည်။
    စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများသည် ဆောင်ရွက်လိုသည့် အစီအစဉ်ကဏ္ဍများအား တင်ပြထားသည့် အဆိုပြုလွှာမူကြမ်းကို စီမံရေးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ လိပ်မူ၍ ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက်၊ ညနေ (၃:၀၀)နာရီ (မြန်မာစံတော်ချိန်)အရောက် ပေးပို့ရမည်ဖြစ်ပါသည်။
    ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် အဖွဲ့အစည်းများသည် စိတ်ဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာပုံစံ၊ လမ်းညွှန်ချက်များနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို ကုမ္ပဏီဆိုင်ရာ အထောက်အထားများ ယူဆောင်ပြသလျက် အထက်ပါလိပ်စာတွင် (၁.၂.၂၀၁၇)ရက် မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။

ကုမ္ပဏီဆိုင်ရာ အထောက်အထား

  • သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်
  • ကုမ္ပဏီသင်းဖွဲ့ စည်းမျဉ်း/စည်းကမ်း
  • နည်းပညာပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီ (ပြည်တွင်းကုမ္ပဏီဖြစ်ခဲ့လျှင်)

အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန် ဖုန်း- ၀၆၇-၄၀၅၁၅၉၊ ၀၆၇-၄၀၅၃၂၂