Burmese

အမှတ်(၂၃)အကြီးစားစက်ရုံ(ညောင်ခြေထောက်) နှင့် အမှတ်(၂၆)အကြီးစားစက်ရုံ(သာဂရ) တို့တွင် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ပါဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

By: 

စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၃)အကြီးစားစက်ရုံ(ညောင်ခြေထောက်) နှင့် 
အမှတ်(၂၆)အကြီးစားစက်ရုံ(သာဂရ) တို့တွင်၊ 
အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်

စိတ်ပါဝင်စားသူများအား ဖိတ်ခေါ်ခြင်း 
(Expression of Interest)

၁။    စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၃) အကြီးစား စက်ရုံ (ညောင်ခြေထောက်) ရှိ အောက်ဖော်ပြပါ ထုတ်လုပ်မှုအလုပ်ရုံများနှင့် အမှတ်(၂၆) အကြီးစားစက်ရုံ(သာဂရ)တို့အား စိတ်ပါဝင်စားသူ ပြည်တွင်း / ပြည်ပပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားရန်အစီအစဉ် ရှိပါသည် -
    (၁) အမှတ်(၂၃)အကြီးစားစက်ရုံ(ညောင်ခြေထောက်)
        (က) PVC Wire ကြိုးထုတ်လုပ်မှုအလုပ်ရုံနှင့် ဆက်စပ်အလုပ်ရုံများ
        (ခ) Transformer ထုတ်လုပ်မှုအလုပ်ရုံ 
        (ဂ) Machine Tools ထုတ်လုပ်မှုအလုပ်ရုံများ
    (၂) အမှတ်(၂၆)အကြီးစားစက်ရုံ (သာဂရ)
        (က) Turbine, Generator နှင့် ဆက်စပ်အလုပ်ရုံများ

၂။    စိတ်ဝင်စားသောကုမ္ပဏီများမှာအထက်ပါအလုပ်ရုံများအားလုံး(သို့) ကြိုက်နှစ်သက်ရာ အလုပ်ရုံများအား ရွေးချယ် တင်သွင်းနိုင်ပါသည်။ 

၃။    ပထမအဆင့်အနေဖြင့် စိတ်ပါဝင်စားသည့် ကုမ္ပဏီများသည် စိတ်ဝင်စားမှု ဖော်ပြခြင်းလျှောက်လွှာ Expression  of Interest (EOI) ကို စက်မှုဝန်ကြီးဌာန အမှတ်(၂) အကြီးစားစက်မှု လုပ်ငန်း၊ ထုတ်လုပ်ရေးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော် ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်သို့ လိပ်မူလျှက် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ  ၂၁ ရက် ညနေ ၃ နာရီ (မြန်မာစံတော်ချိန်) အရောက်ပေးပို့ရမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားမှု ဖော်ပြခြင်းလျှောက်လွှာ (EOI) ပုံစံနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို ကုမ္ပဏီ ဆိုင်ရာ အထောက်အထားများပြသ၍ အထက်ပါ လိပ်စာတွင် ၂၅-၁၁-၂၀၁၆ နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။

    တင်ပြရမည့် ကုမ္ပဏီဆိုင်ရာအထောက်အထားများ 
    (က) သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
    (ခ) ကုမ္ပဏီ သင်းဖွဲ့မှတ်တမ်း/ စည်းမျဉ်း
    (ဂ) နည်းပညာပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီ 
    အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်ဖုန်း ၀၆၇- ၄၀၈၁၈၃၊ ၄၀၈၂၀၄