Burmese

စက်မှုဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲ ဖိတ်ကြားခြင်း

By: 

နေပြည်တော် မေ ၁၈

စက်မှုဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့က စက်မှုဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့်ဦးစီးဌာနများ၊ လုပ်ငန်းများ၏ အုပ်ချုပ်မှုအသွင်သဏ္ဍာန် ပြောင်းလဲဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်သွားမည် ဖြစ်သည်။သတင်းစာရှင်းလင်းပွဲကို ၁၉-၅-၂၀၁၅ (အင်္ဂါ)နေ့ မွန်းလွဲ (၁၃:၀၀) နာရီမှ (၁၄:၃၀) နာရီ အထိ နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနရုံး (ရုံးအမှတ်-၃၀)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သတင်းမီဒီယာများ အနေဖြင့် တက်ရောက် သတင်း ရယူနိုင်ကြောင်း ဖိတ်ကြား အပ်ပါသည်။