Current Transformer , Vacuum Circuit Breaker နှင့် High Voltage H.R.C Fuse လျှပ်စစ်ပစ္စည်း(၃)မျိုး ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

By: 

၁။      စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)အတွက် အောက်ဖော်ပြပါ လျှပ်စစ်ပစ္စည်း(၃)မျိုးကို စက်ရုံအရောက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူဖြည့်တင်းဆောင်ရွက်လိုပါသည်-
         (က) Current Transformer (3)Sets & Auxiliaries
         ( ခ) Vacuum Circuit Breaker (3)Sets
         ( ဂ) High Voltage H.R.C Fuse (3)Nos
၂။     ဈေးနှုန်းတင်သွင်းလွှာများကို ပေးသွင်းရမည့်အစီအစဉ်
(က) တင်ဒါပိတ်သိမ်းမည့်ရက်နှင့်အချိန် - (၉.၁၁.၂၀၁၈)ရက်နေ့ (၁၆:၀၀)နာရီ
( ခ) တင်ဒါတင်သွင်းရမည့်နေရာ - တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
       အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ 
      စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်

၃။      တင်ဒါပုံစံကို ရုံးချိန်အတွင်း နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။ အသေးစိတ် အချက်အလက်များသိရှိလိုပါက အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်) ဖုန်း ၀၆၇-၄၀၈၁၂၉၊ အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း) ဖုန်း ၀၉-၄၂၈၅၅၃၃၆၄ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။