Burmese

Announcements

စက်မှု၀န်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အမှတ်(၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ) ၏ သင်တန်းအမှတ်စဉ်(၃၆) သင်တန်းဝင် ညွှန်ကြားလွှာ နှင့် သင်တန်းဝင်ခွင့်လျှောက်လွှာ များကို ဤနေရာတွင် Download ရယူနိုင်ပါသည်။

 

By: 

စက်မှုဝန်ကြီးဌာနမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် The Energy and Environment Partnership Programme with the Mekong Region (EEP Mekong) အစီအစဉ်မှ ထုတ်ပြန်ကြေငြာချက် 6th Call for Proposals (CFP6), Clean Energy Promotion in the Mekong Region အပြည့်အစုံကို အောက်ဖော်ပြပါ link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

6th Call for Proposals (CFP6)

By: 

စက်မှုလုပ်ငန်းမှတ်ပုံတင်ရန်

    ၁။              စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင်‌့ စစ်ဆေးရေးဦးစီးဌာနသည် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများ၏ လုပ်ငန်းလိုင်စင်/ခွင့်ပြုမိန့် များဖြင့် စက်မှုဇုန်၊စက်မှုရပ်ကွက်၊စက်မှုနယ်မြေနှင့် စက်မှုလုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုသောတည်နေရာများ၌ လုပ်ကိုင်သောပုဂ္ဂလိက စက်မှုလုပ်ငန်းများကို ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေနှင့်အညီ လျှင်မြန်မှန်ကန်စွာ မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါသည်။

By: 

နေပြည်တော် မေ ၁၈

စက်မှုဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့က စက်မှုဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့်ဦးစီးဌာနများ၊ လုပ်ငန်းများ၏ အုပ်ချုပ်မှုအသွင်သဏ္ဍာန် ပြောင်းလဲဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်သွားမည် ဖြစ်သည်။သတင်းစာရှင်းလင်းပွဲကို ၁၉-၅-၂၀၁၅ (အင်္ဂါ)နေ့ မွန်းလွဲ (၁၃:၀၀) နာရီမှ (၁၄:၃၀) နာရီ အထိ နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနရုံး (ရုံးအမှတ်-၃၀)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သတင်းမီဒီယာများ အနေဖြင့် တက်ရောက် သတင်း ရယူနိုင်ကြောင်း ဖိတ်ကြား အပ်ပါသည်။

By: 

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ (ဘွိုင်လာစစ်ဆေးရေး)မှ ဘွိုင်လာကိုင်တွယ်သူများ သင်တန်းကို ၁၂.၁.၂၀၁၅ ရက်မှ ၂၀.၂.၂၀၁၅ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ရာ ၎င်းသင်တန်းကို ဌာနဆိုင်ရာ ဝန်ထမ်းမဟုတ်သော ပြင်ပမှ တက်ရောက်လိုသူ မည်သူမဆို ၉-၁-၂၀၁၅ ရက် နောက်ဆုံးထား၍ အောက်ပါလိပ်စာအတိုင်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း ကြေငြာအပ်ပါသည်။

ဘွိုင်လာစစ်ဆေးရေးသင်တန်းဌာန- အမှတ်(၁၉၂)၊ ကမ္ဘာအေးဘုရားလမ်း

                                                  ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

                                                   ဖုန်း-၀၁-၅၅၁၉၈၇၊ ၀၉-၅၃၄၀၂၉၁

By: 

Pages