THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY


စက်မှုကဏ္ဍဖွံ့ဖြိုးရေး စကားဝိုင်း


Thu 08-12-2016

စက်မှုကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခြင်းနှင့် သတင်းအချက်အလက်များ ဖြန့်ဝေခြင်း ဆောင်ရွက်ရန်

Event Detail: 

စက်မှုကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခြင်းနှင့် သတင်းအချက်အလက်များ ဖြန့်ဝေခြင်း ဆောင်ရွက်ရန်

Comments

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို စတင်ကျင့်သုံးနေပြီ ဖြ

Submitted by Aung Soe Ya on 09 December, 2016

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များကို အဆိုပါ ဥပဒေနှင့်အညီ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို စတင်ကျင့်သုံးနေပြီ ဖြစ်သော်လည်း ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များကို ယခင်ဥပဒေအဟောင်းများဖြင့် ဒီဇင်ဘာ ၃၁ ရက် (ယခုလကုန်အထိ) လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်က ရန်ကုန်မြို့ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ပြီးခဲ့တဲ့ အစည်းအဝေးများအထိ MIC အနေနဲ့ ပုံမှန် Proposal များ လက်ခံဆောင်ရွက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ကြေညာချက်တစ်ခု ထုတ်ပြန်ထားတာ ရှိပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို စတင်ကျင့်သုံးနေပြီ ဖြစ်သော်လည်း နိုင်ငံသားတွေ အနေနဲ့ရော နိုင်ငံခြားသား လုပ်ငန်းရှင်တွေ အနေနဲ့ရော ယခင်ဥပဒေအဟောင်းနဲ့ Proposal တွေကို ပြင်ဆင် ရေးဆွဲခဲ့တာဆိုရင် ဒီဇင်ဘာ ၃၁ ရက် အထိသာ လက်ခံဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ဒီဇင်ဘာ ၃၁ ရက်အထိကို ဥပဒေအဟောင်း နှစ်ခုအရ ရေးဆွဲတဲ့ အဆိုပြုလွှာများကို ဆက်လက်ပြီးတော့ လက်ခံဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁ ရက်မှစပြီး ဥပဒေအဟောင်းတွေနဲ့ တင်တဲ့ Proposal တွေကို ကျွန်တော်တို့ လက်မခံတော့ပါဘူး။ ဥပဒေအသစ်နဲ့ပဲ ဆက်ပြီးကျင့်သုံး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၊ လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံလျက် ကော်မရှင်အစည်းအဝေးမှ စိစစ်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

Source: Eleven Media

 

ရင်းနှီးမြှုပ်နှံမှုများတိုးမ

Submitted by Tin Tin Htoo on 09 December, 2016

ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရပါမည်။

 

 

 

 

 

Food related Business in Myanmasr pdf မျှဝေထားခြင်း

Submitted by Aung Soe Ya on 09 December, 2016

ဆရာဆရာမများခင်ဗျာ
DISI သို့ Nomura Research Institute မှလာရောက်တွေ့ဆုံ၍  Food related business ကိစ္စကို ဆွေးနွေးခဲ့ ပါသည်။ Nomura Research Institute ၏ discussion material အား ဒေါက်တာဖြူဖြူဝင်းမှ မျှဝေခဲ့ပြီး အားလုံးသို့မျှဝေပေးရန်ဆန္ဒရှိပါသဖြင့် eIDMS mail ဖြင့်ပေးပို့ထားပါသည်။

 

ဧပြီမှအောက်တိုဘာ၁၄ထိရော်ဘာစိမ်းတန်လေးသောင်းရှစ်ထောင်ကျော်တင်ပို့

Submitted by Aung Soe Ya on 09 December, 2016

အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အထိ ရက်သတ္တပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၂၈၁ တန်ခန့် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်တင်ပို့မှုထက် ၁၂၂ တန် ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုများမှာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ RSS 1 ၄ တန်၊RSS 3 ၉၀၅ တန်နီးပါး MSR 20၃၆၆ တန်၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေး ၆ တန် တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ် မူဆယ်ကုန်စည် ဒိုင်ရဲ့ ရော်ဘာဈေးမှာ RSS 3 တစ်တန်ကို ကျပ် ၁၆ ဒသမ ၁၈၂ သိန်းဖြစ်ပြီး ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်ပါက တစ်တန် ကို ကျပ် ၃၄၈၀ဝ ကျဆင်းခဲ့ကြောင်းသိရှိရပါ တယ်။ မော်လမြိုင်ဒေသ ရှိ ရော်ဘာဈေးမှာ RSS 3 တစ်တန်ကျပ် ၁၄ ဒသမ ၈၉ သိန်းနဲ့ RSS 5 တစ်တန်ကျပ် ၁၂ ဒသမ ၆၈ သိန်းရှိကြောင်း သိရှိရပါတယ်။ အောက်တိုဘာ ၉ ရက်မှ ၁၅ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုညဒသမ ၇၆၂ သန်းဖိုးရှိ ရော်ဘာ ၅၈၄တန်ကို မလေးရှား၊ ဂျပန်နဲ့ အင်ဒိုနီးရှားနိုင်ငံများသို့ တင်ပို့ခဲ့ပါတယ်။ မလေးရှား နိုင်ငံသို့ RSS 3 ၅၃၉ တန်၊ ဂျပန်နိုင်ငံသို့ MSR 20 ၂၉ တန်၊ အင်ဒိုနီးရှားနိုင်ငံ MSR 10 ၁၆ တန် တင်ပို့ခဲ့ပါတယ်။
ယခင်တစ်ပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ၅၁၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ ရော်ဘာစိမ်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၇၅၅ သန်း တန်ဖိုးနဲ့ တန်ချိန် ၄၈၇၉၅ ကျော်ဖြစ်ပါတယ်။ ကာလတူ တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ၃၉၇၅ တန်ကျော် ပိုမိုတင်ပို့ထားနိုင်ကြောင်း သိရှိရပါတယ်။ ယခုတစ်ပတ်အတွင်း နိုင်ငံတကာရော်ဘာပေါက်ဈေး တစ်တန်လျှင် ဒေါ်လာ၅ဝေ ကျာ်ဈေးတက်လာကြောင်းသိရှိရပါတယ်။ ဒါကြောင့်ပြည်ပတင်ပို့မယ့် မြန်မာ့ရော်ဘာဈေးလည်း တစ်တန်လျှင် ဒေါ်လာ ၅ဝ တိုး၍ တင်ပို့သင့်ကြောင်း မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ ဈေးနှုန်းထုတ်ပြန်ခဲ့ ပါတယ်။

Source: Ministry of Commerce

 

ရာနှုန်းပြည့် မြှုပ်နှံရန် ဝန်လေးနေ

Submitted by Aung Soe Ya on 12 December, 2016

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြန်မာနိုင်ငံအတွင်း ရာနှုန်းပြည့် မြှုပ်နှံရန် ဝန်လေးနေပြီး မြန်မာလုပ်ငန်းရှင်များနှင့် ဖက်စပ် (Joint Venture) လုပ်ကိုင်ရန် စိတ်ဝင်စားမှု များပြားနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မူဝါဒတွေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေလည်း ရောက်လာကြပြီ။ ဒါပေမဲ့ တချို့နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေသည် အင်မတန် အတွေ့အကြုံများတဲ့တိုင်အောင် မြန်မာနိုင်ငံကို လာရောက် ရင်းနှီးတဲ့အခါမှာ သူတို့မသိသေးတဲ့ နယ်ပယ်သစ် ဖြစ်နေတဲ့အတွက်ကြောင့်မို့ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံဖို့ တော်တော်လေး ဝန်လေးနေကြတယ်။ တော်တော်လေး စဉ်းစားနေကြတယ်။ ဒါနဲ့ပတ်သက်ပြီး လာဆွေးနွေးတာလည်း ရှိတယ်။ ဒီနေရာမှာ သူတို့က ဘာကိုမျှော်လင့်သလဲဆိုတော့ Joint Venture ကို ပိုမျှော်လင့်တယ်။ ပြည်ပကနေလာတဲ့ ရင်းနှီးမြှုပ်နှံသူတွေ ပြည်တွင်းမှာ ရာနှုန်းပြည့် လာရောက်မြှုပ်နှံဖို့က လုပ်ငန်း ၁၀ဝ မှာ ၁ဝ လောက်ပဲ ရှိတယ်။ ကျန်တာတွေက မြန်မာနိုင်ငံတွင်းမှာ ရှိနေတဲ့ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလိုစိတ်တွေ တော်တော်များများ ရှိနေပါတယ်”ဟု ဦးကျော်ဝင်းက ပြောကြားသည်။

၂၀၁၆-၂၀၁ရ ဘဏ္ဍာနှစ် ဒီဇင်ဘာ ပထမပတ်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့်ပမာဏမှာ ယမန်နှစ် ကာလတူထက် ဒေါ်လာသန်း ၂၀၀ဝ ခန့် လျော့နည်းနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ယခုဘဏ္ဍာနှစ် ဒီဇင်ဘာပထမပတ်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ  ၂၁၂၂ ဒသမ ၃၈၃ သန်း ရှိနေပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုအပြင် ယခင်ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၄၂၂ ဒသမ ၄၂၃ သန်းသာ စီးဝင်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၇/၂၀၁၆) အရ သိရသည်။

၂၀၁၆-၂၀၁ရ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာခြောက်ဘီလျံ ဝင်ရောက်ရန် မျှော်မှန်းထားပြီး လက်ရှိအချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၄ ဘီလျံသာ ဝင်ရောက်ထားသဖြင့် ဘဏ္ဍာနှစ်ကုန်ဆုံးရန် လေးလသာ လိုတော့ချိန်တွင် လျာထားချက်ပြည့်မီရန် ဒေါ်လာ ၂ ဒသမ ၆ ဘီလျံ လိုအပ်နေသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှ ၂၀၁၄-၂၀၁၅ ခုနှစ်တွင်  ဒေါ်လာလေးဘီလျံ ရရှိရန် လျာထားခဲ့သော်လည်း ဒေါ်လာရှစ်ဘီလျံအထိ ဝင်ရောက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ခုနှစ် တွင်လည်း ဒေါ်လာခြောက်ဘီလျံ ဝင်ရောက်ရန် လျာထားသော်လည်း ဒေါ်လာကိုးဘီလျံ ကျော်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့သည်။ ထိုသို့ နှစ်နှစ်ဆက် လျာထားချက်ထက် မြင့်မားခဲ့သော်လည်း လက်ရှိဘဏ္ဍာနှစ်တွင် လျာထားချက်ပြည့်မီရန်ပင် ဒေါ်လာ ၂ ဒသမ ၆ ဘီလျံ လိုအပ်နေသည်။

Writer: ဖြိုးဝေ

Source: Eleven Media

 

မြန်မာက GSP အခွင့်အရေးသုံးပြီး အမေရိကန်တွင် ခရီးသွားအသုံးအဆောင်ပ

Submitted by May Myo Myo Myint on 12 December, 2016

ကုန်သွယ်မှုဆိုင်ရာ အ ထူးအခွင့်အရေး (GSP)ကို အသုံး ပြု၍ အမေရိကသို့ ခရီးသွားအ သုံးအဆောင်ပစ္စည်းများ တင်ပို့ ရောင်းချမည့် ဈေးကွက်ရှာဖွေ မည်ဆိုပါက မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ် ကြောင်း အမေရိကန်နိုင်ငံမှ ကုန် သွယ်ရေးလုပ်ငန်းများ ကျွမ်းကျင် သူ မစ္စတာ Erland Herfindahl က ဒီဇင်ဘာ ၁ဝ ရက်တွင် မြန်မာ နိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ၌ ပြုလုပ်သည့် အမေရိကန်ကုန် သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးအလုပ်ရုံဆွေးနွေးပွဲတွင် ပြော ကြားသည်။

အမေရိကန်နိုင်ငံသည် တစ် နှစ်လျှင် ခရီးသွားအသုံးအဆောင် ပစ္စည်း တင်သွင်းမှု ဒေါ်လာ ၁ဝ ဘီလီယံကျော် ရှိနေပြီး တရုတ် နိုင်ငံမှ အများဆုံး တင်သွင်းနေရ သည်ဆိုသည်။ ဖွံ့ဖြိုးမှုအနည်းဆုံး အရှေ့တောင်အာရှနိုင်ငံများတွင် ကမ္ဘောဒီးယားက လက်ရှိအချိန်၌ (GSP ကို အသုံးပြုပြီး) အများဆုံးတင်ပို့နေကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အမေရိကန် အစိုးရကပေး သည့် ကုန်သွယ်မှုဆိုင်ရာအထူးအ ခွင့်အရေးတွင် ကုန်ပစ္စည်းအမည် ပေါင်း ၅,၀၀ဝ ကျော် ပါဝင်ပြီး ထုတ်လုပ်မှု အများဆုံးဖြစ်သည့် ခရီးဆောင်အိတ်များ၊ ကျောပိုး အိတ်၊ လက်ဆွဲအိတ်၊ ပိုက်ဆံ အိတ်၊  ကျောက်မျက်ရတနာများ၊ ကောဇောအမျိုးမျိုး၊ လယ်ယာ ထွက်ကုန်အချို့နှင့် ရေထွက် ပစ္စည်းများ၊  ဓာတုပစ္စည်းနှင့် သတ္တုတွင်းထွက် ပစ္စည်းများပါဝင် သည်။

အဆိုပါ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးကို ရယူအသုံးပြုမည်ဆိုပါက မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်း ၃၅ ရာခိုင်နှုန်းပါဝင်ရန် လိုအပ် ကြောင်း၊ ကုန်ကြမ်းပစ္စည်းဟုဆို ရာတွင်လည်း အလုပ်သမား အ သုံးစရိတ်၊ စက်ရုံရင်းနှီးမြှုပ်နှံမှု များ ထည့်သွင်း တွက်ချက်နိုင် ကြောင်း မစ္စတာ Erland Her- findahl က ပြောသည်။

လက်ရှိအမေရိကသို့ တင်ပို့ နေသည့် မြန်မာ ထွက်ကုန်များ တွင် ရေထွက်ကုန်သည်အများ ဆုံးဖြစ်နေပြီး ကဏန်းနှင့် ပုစွန်တို့ အဓိကထား တင်ပို့နေကာ မြန်မာ နိုင်ငံမှ စားသောက်ကုန်များ အ မေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချ ရာ၌ အရည်အသွေးပိုင်းစိန်ခေါ်မှု၊ ပစ္စည်းအမှာကို အချိန်မီ ဖြည့် ဆည်းပေးနိုင်မှု စသည်တို့လည်း လိုအပ်သည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံ၏ အစား အစာနှင့် ဆေးဝါး သုတေသန လက်မှတ်ရယူထားနိုင်ရန် လိုအပ် ပြီး စက်ရုံမှ ထုတ်လုပ်ရေးလုပ်ငန်း များနှင့်သက်ဆိုင်သည့် အလုပ်သမားလုပ်ငန်းခွင် အခြေအနေ ကောင်းများလည်း လိုအပ်ကြောင်း မစ္စတာ Erland Her- findahl က ပြောသည်။

လယ်ယာထွက်ကုန် သီးနှံ များ တင်ပို့မည်ဆိုပါကလည်း ပိုး မွှားစစ်ဆေးမှုသည် အဓိကအရေး ကြီးပြီး ကြိုတင်ပြင်ဆင်မှုများ ပြု လုပ်ထားရန်လိုကြောင်း၊ စားသုံး သူက သံသယရှိပါက စိုက်ပျိုး ထုတ်လုပ်သည့် နေရာဒေသအထိ အစစ်အဆေးခံနိုင်ဖို့ လိုအပ်ကြောင်း USAID မှ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးရေးကျွမ်းကျင်သူ မစ္စတာ Michael Blakeley က ပြောသည်။

အမေရိကန် ဈေးကွက်သို့ ကုန်ပစ္စည်များ တင်ပို့မည်ဆိုပါက ထုတ်လုပ်တင်ပို့ရေးလုပ်ငန်းများ တွင် ပါဝင်သည့် အလုပ်သမား များနှင့်ပတ်သက်၍ လုပ်ခလစာ၊ ကောင်းမွန်သည့် လုပ်ငန်းခွင်အ ခြေအနေ၊ လူ့အခွင့်အရေးရရှိမှု စသည်တို့ အပါအဝင် လူမှုရေး ဆိုင်ရာ သတ်မှတ်ချက်များ အ ပြည့်အဝရရှိအောင် ဆောင်ရွက် ပေးရန်လိုအပ်သည်ဟု အမေရိ ကန်နိုင်ငံမှ အလုပ်သမားအရေး ကျွမ်းကျင်သူ မစ္စစ် Anne Zollner က ပြောသည်။

အရပ်သား အစိုးရ၏ ဒီမိုကရေစီ လမ်းကြောင်းတွင် အ ထောက်အကူပေးနိုင်ရန် အမေရိ ကန်အစိုးရသည် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ အမေရိကန်ခရီးစဉ်၌ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့် အရေး ပြန်လည်ပေးအပ်ခဲ့သည်။

၂ရ နှစ်ကြာ ရပ်နားခံရပြီး နောက် ပြန်လည်ရရှိလာသည့် အ မေရိကန်နိုင်ငံ၏ ကုန်သွယ်မှုဆိုင် ရာအထူးအခွင့်အရေးက မြန်မာ နိုင်ငံအတွက် အကျိုးရှိစွာ အသုံး ချရန်လိုအပ်သည်ဟု မြန်မာနိုင်ငံ ကုန်သွယ်စက်မှုအသင်းချုပ် တွဲ ဖက် အတွင်းရေးမှူး ဒေါ်ခိုုင်ခိုင် နွယ်က ပြောသည်။

 အမေရိကန် နိုင်ငံသည် မြန်မာနိုင်ငံအား ကုန်သွယ်မှုအ ထူးအခွင့်အရေးပေးခြင်းကို ၁၉၇၆ က စတင်ခဲ့ပြီး ၁၉၈၉ ဇူလိုင်တွင် လူ့အခွင့်အရေးချိုးဖောက်မှု ကြောင့် ကုန်သွယ်မှုအထူးအခွင့် အရေး ရပ်ဆိုင်းခဲ့သည်။

၂၀၁၃ တွင် မြန်မာနိုင်ငံက ကုန်သွယ်မှု အထူးအခွင့်အရေးပေးရန် ပြန်လည်တောင်းဆိုမှုကြောင့် ၂၀၁၆ အောက်တိုဘာက ပြန်လည်  ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

By ပြည်သိမ်း On Sun, 2016-12-11 06:30 Location ရန်ကုန်

7day daily Issue No. No.1299 Sunday, December 11, 2016

 

 




Top