စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
တင်ဒါအမှတ် - ၄/၂၀၁၉-၂၀၂၀
၁။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁) အထည်စက်ရုံ(ရွှေတောင်)၏ အချောကိုင်ဌာနရှိ အဆောက်အဦ၊ စက်ပစ္စည်းနှင့် မြေငှားရမ်းခနှုန်း တို့အား Third Party အဖွဲ့ဖြင့် ကာလပေါက်ဈေးနှင့်အညီ တန်ဖိုးစိစစ်သတ်မှတ်သည့် ၀န်ဆောင်မှုလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ပေးသွင်းရန် ဖိတ်ခေါ်ပါသည်။
၂။ တင်ဒါဆိုင်ရာအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) တင်ဒါပုံစံရောင်းချမည့်ရက် - ၁၄-၁-၂၀၂၀
(ခ) တင်ဒါပုံစံရောင်းချမည့်နေရာ
နေပြည်တော် - အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊စီမံရေးဌာန၊
ရုံးအမှတ်(၃၇)၊ နေပြည်တော်။
ရန်ကုန် - အထည်အလိပ်လုပ်ငန်း(ရုံးခွဲ)၊ အမှတ်(၁)၊ သုခဝတီလမ်း၊ (၆)ရပ်ကွက်၊ ရန်ကင်းမြို့နယ်။
ဖုန်း-၀၁-၅၅၄၁၇၇၊ ၀၁-၅၄၄၁၂၁
(ဂ) တင်ဒါပိတ်ရက်နှင့်အချိန် - ၁၄-၂-၂၀၂၀၊ (၁၆:၀၀)နာရီ
(ဃ) တင်ဒါပေးသွင်းရမည့်နေရာ - အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်။
၃။ အသေးစိတ်သိရှိလိုပါက အထွေထွေမန်နေဂျာ(စီမံရေး)၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၄၀၈၁၈၅၊ ၀၆၇-၄၀၈၃၃၈၊ ၀၆၇-၄၀၈၁၅၆ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။