THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY


Video Gallery

  • highlight header image

    ရွှေတိဂုံစေတီတော်အတွက် ရွှေပြားကြိတ်စက်များကို စက်မှုဝန်ကြီးဌာနမှ တီထွင်ထုတ်လုပ်

    Sun 08-2018

    ရွှေတိဂုံစေတီတော်အတွက် ရွှေပြားကြိတ်စက်များကို စက်မှုဝန်ကြီးဌာနမှ တီထွင်ထုတ်လုပ်

          ရွှေတိဂုံစေတီတော်တွင် တည်ဆောက်မည့် ရွှေပြားကြိတ်စက်ရုံငယ်အတွက် လိုအပ်သည့် ရွှေပြားကြိတ်စက်များကို စက်မှုဝန်ကြီးဌာနတွင် တီထွင်ထုတ်လုပ်လျက်ရှိပါတယ်။ ယခုအခါ ပထမအဆင့်အနေဖြင့် ရွှေပြားကြိတ်စက်လေးလုံးကို အောင်မြင်စွာတီထွင်ထုတ်လုပ်နိုင်ခဲ့ပြီး အခေါက်ရွှေစင်များဖြင့် စမ်းသပ်ထုတ်လုပ်ခဲ့ရာ အောင်မြင်မှုရရှိပြီး ဖြစ်ပါတယ်။
           အသားတင် ၁၂ လက္မ အကျယ်နှင့် အလေးချိန် ( ၆ ) ကျပ်သားကို စံအဖြစ်ထားပြီး ထုတ်လုပ်မှာဖြစ်ပါတယ်။ရရှိလာမည့် ရွှေပြားများသည် မျက်နှာပြင် ချောမွေ့ပြီး အရောင်အသွေးတောက်ပစွာဖြင့် ကြာရှည်တည်တန့်ခိုင်မြဲမှာ ဖြစ်ပါတယ်။
            အဆိုပါစက်ပစ္စည်းများကို အမှတ် (၂၃)အကြီးစားစက်ရုံ ( ညောင်ခြေထောက် ) တွင်တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန်သက်ဆိုင်ရာ ပညာရှင်များနှင်ပူးပေါင်းပြီး ကြိုးစားဆောင်ရွက်ထားခြင်းဖြစ်ပါတယ်။


Top